ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်နှင့် ဓနုဖြူမြို့နယ်များတွင် မြို့နယ်ကုန်စျေးနှုန်းထိန်းညှိလျော့ချရေးကော်မတီအဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာတို့မှ သက်သာသောဈေးနှုန်းဖြင့် ပြည်သူများအား အခွန်လွတ်ဈေးအနီးတွင် နိုဝင်ဘာလ ၂၅ ရက်နေ့၊ နံနက် (၀၇း၀၀) နာရီအချိန်တွင် စတင်ရောင်းချပေးခဲ့ကြောင်းသိရသည်။
အခွန်လွတ်ဈေးတွင် မြို့နယ်ကုန်စျေးနှုန်း ထိန်းညှိလျော့ချရေးကော်မတီအဖွဲ့ဝင်များ၊ တိမွေးကုဦးစီးမှူးနှင့် စားသုံးသူရေးရာဦးစီးဌာ၊ ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းတို့က ပြင်ပဈေးနှုန်းထက် သက်သာသောဈေးနှုန်းဖြင့် ညောင်တုန်းမြို့နယ်တွင် ကြက်ဥတစ်လုံးဈေး(၃၅၀)ကျပ်ဖြင့် အလုံးရေ(၆၀၀)၊ ဘဲဥတစ်လုံး(၄၈၀)ကျပ်ဖြင့် အလုံးရေ (၃၀၀)ကိုလည်းကောင်း၊ (၂၆.၁၁.၂၀၂၄)ရက်နေ့က ကြက်ဥအလုံး(၄၀၀)၊ ဘဲဥအလုံး(၅၀၀)ကိုရောင်းချပေးကြောင်းသိရသည်။
ဓနုဖြူမြို့နယ်တွင်လည်း၂၅ရက်နေ့တွင် ပြည်သူများအား ကြက်ဥတစ်လုံး(၄၀၀)ကျပ်ဖြင့် ကြက်ဥအလုံးရေ (၆၀၀)၊ ဘဲဥ တစ်လုံး(၅၀၀)ကျပ်ဖြင့်အလုံးရေ (၃၀၀)ကိုလည်းကောင်း၊ ၂၆ရက်နေ့ကလည်း ထပ်မံရောင်းချပေးလျှက်ရှိပြီး ယခုလို ပြည်သူများသက်သာစွာဝယ်ယူနိုင်ရန်အတွက် အပတ်စဉ်အလိုက် အခွန်လွတ်ဈေးတွင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)