စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၏ နိုဝင်ဘာလတွင် စားသုံးသူအသိပညာပေး လုပ်ငန်းများဆောင်ရွက်နိုင်မှုအခြေအနေ

Powered by Drupal

             စစ်ကိုင်တိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် စားသုံးသူပြည်သူများ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်၊ စီးပွားရေးလုပ်ငန်းရှင်များ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်နိုင်ရန်အတွက် တိုင်း၊ ခရိုင်၊ မြို့နယ်အလိုက် စားသုံးသူကာကွယ်ရေးအသိပညာပေးလုပ်ငန်းများ၊ စားသုံးသူတိုင်ကြားမှုဖြေရှင်းခြင်းလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် မုံရွာမြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ DICA အစည်းအဝေးခန်းမတွင် ကော်မတီအစည်းအဝေးကျင်းပခြင်း၊ မုံရွာပညာရေးဒီဂရီကောလိပ်တွင် အသိပညာပေးဟောပြောပွဲကျင်းပခြင်း၊  ကလေးခရိုင်ဉီးစီးမှူးရုံးအနေဖြင့် ကလေးခရိုင်၊ ကလေးဝမြို့၊ အမှတ်(၂) စည်ပင်သာယာရေးဝန်ထမ်းများအားလည်ကောင်း၊ ဟုမ္မလင်းမြို့၊ စိုက်ပျိုးရေးဦးစီးဌာနတွင် တောင်သူများအားလည်းကောင်း၊ ကန့်ဘလူခရိုင်ဉီးစီးမှူးရုံးအနေဖြင့် ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ကျီးကုန်းကျေးရွာရှိ အလကကျောင်းတွင်လည်းကောင်း၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၊ နတ်ပေးရွာရှိ အလကကျောင်းတွင်လည်ကောင်း၊ စစ်ကိုင်းခရိုင်ဉီးစီးမှူးရုံးအနေဖြင့် စစ်ကိုင်းမြို့ရှိ ဆီလုပ်ငန်းရှင်များအားလည်းကောင်း၊ စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ  အခြေခံပညာအလယ်တန်းကျောင်းတွင်လည်းကောင်း၊ မြင်းမူမြို့နယ်ရှိ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတွင် Talk Show ပြုလုပ်ခြင်း၊ မြောင်မြို့နယ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတွင် Talk Show ပြုလုပ်ခြင်း၊ မုံရွာခရိုင်ဦးစီးမှူးရုံးအနေဖြင့် မုံရွာမြို့၊ မုန့်လုပ်ငန်းရှင်များအသင်းအားလည်းကောင်း၊ မုံရွာမြို့၊ ရက်ကန်းသင်တန်းကျောင်းတွင်လည်းကောင်း၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ရွှေဘိုမြို့၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းတွင်လည်းကောင်း အသိပညာပေးဟောပြောခြင်း စုစုပေါင်း(၁၂) ကြိမ်နှင့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအတွင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ရာ ဌာန၏မျှော်မှန်းချက်များ၊ ရည်မှန်းချက်တာဝန်များ၊ စားသုံးသူအခွင့်အရေးများ၊ တာဝန်များ၊ ဌာနသို့ဆက်သွယ်တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ ဖြေရှင်းဆောင်ရွက်ပေးခဲ့သည့် စားသုံးသူတိုင်ကြားမှု ဖြစ်စဉ်များကို အသိပညာပေးဟောပြောခဲ့ကြပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။

          လုပ်ငန်းရှင်များနှင့်  တွေ့ဆုံဆွေနွေးအသိပညာပေးမှုများကိုလည်း တိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့်(၂)ကြိမ်၊ ကလေးခရိုင်ဦးစီးမှူးအနေဖြင့်(၄)ကြိမ်၊ ကသာခရိုင်ဦးစီးမှူးရုံးအနေဖြင့်(၂)ကြိမ်၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးမှ(၂)ကြိမ်၊ စစ်ကိုင်းတိုင်းခရိုင်ဦးစီးမှူးရုံးအနေဖြင့်(၇)ကြိမ်၊ မုံရွာမြို့နယ်တာဝန်ခံရုံးမှ(၂)ကြိမ်၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့်(၂)ကြိမ်၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် (၄)ကြိမ်၊ စုစုပေါင်း(၂၅)ကြိမ် ဆောင်ရွက်နိုင်ခဲ့ပါသည်။ ထိုသို့တွေ့ဆုံဆွေးနွေးဆောင်ရွက်ခြင်းများပြုလုပ်ရာတွင် စီးပွားရေးလုပ်ငန်းရှင်တို့၏တာဝန်များ၊ လိုက်နာရမည့်အချက်များ၊ ကုန်စည်နှင့် စပ်လျဉ်း၍ ဖော်ပြရမည့်အာမခံများ၊ ရိုးရှင်းမှန်ကန်သောသတင်းအချက်အလက်များ ပြည့်စုံစွာပေးရန် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊  စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်ရန်အချက်များကို ရှင်းလင်းဆွေးနွေးအသိပညာပေးခြင်း၊ ရည်ညွှန်းဈေးသတ်မှတ်ထားသောကုန်စည်များအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချစေရေးဆွေးနွေးဟောပြောခြင်းများဆောင်ရွက်ခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်နှင့်သက်ဆိုင်သော လက်ကမ်းစာစောင်များ၊ စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)