စားအုန်းဆီအရောင်းဆိုင်များသို့ မှောင်ခိုဈေးကွက်ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

            စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးကွပ်ကဲမှုအောက်ရှိ တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံသည် ၂.၁၂.၂၀၂၄ ရက်နေ့ နံနက်(၀၉:၁၅)နာရီအချိန်တွင် တိုက်ကြီးမြို့နယ်၊ မြို့မဈေးအတွင်းရှိ စားအုန်းဆီကိုယ်စားလှယ်ရရှိထားသောဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

           ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် တိုက်ကြီးမြို့မဈေးအတွင်း ရောင်းချနေသောကုန်မျိုးစုံဆိုင် (၃) ဆိုင်သို့ ကွင်းဆင်းခဲ့ရာတွင် နေ့စဉ်ရရှိသောခွဲတမ်းများအား စာအုပ်စနစ်ဖြင့် တစ်အုပ်လျှင် (၅၀)ကျပ် သားနှုန်းဖြင့် ရောင်းချပါကြောင်း၊ ဈေးနှုန်းမှာလည်း သတ်မှတ်ထားသောရည်ညွှန်းဈေးအပေါ် (၂%) အမြတ်သာတင်ရောင်းပြီး ချိန်တွယ်ရာတွင် ပြည့်ဝပါကြောင်း၊ သိရှိရပြီး သတ်မှတ်ထားသောဈေးနှုန်းဖြင့်သာရောင်းချကြရန်၊ အလေးချိန်တွယ်ပြည့်ဝစွာ သတ်မှတ်ထားသည့်အတိုင်းရောင်းချသွားရန် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)