စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၃.၁၂.၂၀၂၄ ရက်နေ့ (၀၉:၃၅)နာရီအချိန်တွင် အင်းစိန်ဈေးမှ စည်ပင်သာယာရေးအဖွဲ့နှင့်အတူ အင်းစိန်ဈေးအတွင်းရှိ အခြေခံစားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ ဈေးနှုန်းများ ကွင်းဆင်းစစ်ဆေးရာတွင် အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သည့် ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန်၊ အာလူး၊ ပဲ၊ ကြက်ဥ၊ ဘဲဥဈေးနှုန်းများအနက်မှ ကြက်သွန်နီအသစ်များပေါ်လာချိန်နီး၍ အဟောင်းများဈေးကျခဲ့ရာ ကြက်ဥဈေးများလည်းကျဆင်း၍ အာလူးဈေးနှုန်းမှာ ဈေးအနည်းငယ်တက်သွားကြောင်းသိရှိရပြီး အသား၊ ငါး၊ ငါးခြောက်ဈေးတို့မှာ ယခင်အပတ်အတိုင်း ဈေးနှုန်းတည်ငြိမ်နေကြောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းအရ သိရှိရပါသည်။
DOCA(ရန်ကုန်)