၃.၁၂.၂၀၂၄ ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံး ကွပ်ကဲမှုအောက်ရှိ မှော်ဘီမြို့နယ်ခွဲရုံးမှ ဝန်ထမ်းများသည် မှော်ဘီမြို့နယ်အတွင်းရှိ ဘိလပ်မြေအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မှော်ဘီမြို့နယ်၊ ပြည်လမ်း၊ ရွှေသုန်နဒီ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဆိုင်၊ အမှတ်(၃၁)၊ ပြည်လမ်း၊ တပ်ကြီးကုန်းရှိ ရွှေပြည်စံရာ အိမ်ဆောက်ပစ္စည်းနှင့် သံထည်ပစ္စည်းရောင်းဝယ်ရေး၊ ဦးကျော်မြင့်နှင့်ညီများ၊ အမှတ်(၄၂)၊ ပြည်လမ်း၊ (၄)ရပ်ကွက် ဘိလပ်မြေအရောင်းဆိုင်များသို့သွားရောက်၍ ဘိလပ်မြေအမျိုးအစား၊ ဈေးနှုန်းများ၊ လက်ကျန်အခြေအနေများမေးမြန်းရာတွင် ကြံ့နီတစ်မျိုးသာအသုံးများ၍ ရောင်းချပါကြောင်း၊ ဈေးနှုန်းများအနေဖြင့် တစ်အိတ်လျှင် (၁၄၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချပါကြောင်း၊ အရောင်းအဝယ်မှာပုံမှန်သာဖြစ်၍ လက်ကျန်များလည်းရှိ၍ ပစ္စည်းပြတ်လပ်မှုမရှိပါကြောင်း ကွင်းဆင်းစစ်ဆေးချက်အရ သိရှိရပါသည်။
DOCA(ရန်ကုန်)