တိုက်ကြီးမြို့နယ်စိုက်ပျိုး၊ မွေးမြူရေးနှင့်အသက်မွေးမှု အတတ်သင်နည်းပညာပေး

Powered by Drupal

            တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် နွေစပါးစိုက်ပျိုးရာသီချိန်၌ စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်နည်းပညာပေးမှုကို (၂၈.၁၁.၂၀၂၄)ရက်နေ့ နံနက်(၀၉:၀၀)နာရီ အချိန်တွင် ပို့ချပေးခဲ့ကြောင်းသိရသည်။

            တိုက်ကြီးမြို့နယ် ဆင်ခြံကျေးရွာအုပ်စု၊ အိုင်တသောင်စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းတွင် တောင်သူဦးကြီးများ စပါးအထွက်တိုးစေရေးနှင့် ခေတ်မှီလယ်ယာသုံးပစ္စည်းများသုံးစွဲမှု ကျွမ်းကျင်စွာစိုက်ပျိုးနိုင်စေရန်အတွက် ပညာပေးပွဲကျင်းပခဲ့ရာ Seeder ဖြင့် (၁၀၀)ဧက၊ ပျိုးထောင်စိုက်(၅၆၀)ဧက၊ စုစုပေါင်း (၆၆၀)ဧကအား (၂၇.၁၁.၂၀၂၄)နေ့ထိ (၃၅၀)ဧက စိုက်ပျိုးပြီးစီးခဲ့ပြီ စိုက်ပျိုးရာတွင် မျိုးစပါးမှာ ဆင်းသုခစပါးမျိုးအား စိုက်ပျိုးခဲ့ပါသည်။ မိုးစပါးရိတ်သိမ်းပြီးချိန် နွေစပါး၊ မြေပဲ၊ ဆောင်းနှမ်းနှင့် နေကြာများကို မြေလွတ်မရှိစေရန်နှင့် သီးနှံအထွက်တိုးစေရန် စနစ်တကျစိုက်ပျိုးနိုင်ရေးအတွက် ပို့ချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)