တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနသည် ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ (၄)ရက်နေ့ နေ့လယ်(၁၃း၃၀)နာရီအချိန်တွင် ဆေးဝါးပြတ်လပ်မှုရှိ/ မရှိ မြိတ်မြို့ပေါ်ရှိ အိမ်သုံးဆေးဝါးအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ဆေးဝါးများဈေးနှုန်းမြှင့်တက်မှုရှိ/ မရှိနှင့် ဆေးဝါးပြတ်လပ်မှုရှိ/ မရှိမေးမြန်းစုံစမ်းပြီး ဘေးအန္တရာယ်ကင်းသောဆေးဝါများရောင်းချရန်နှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်းမပြုရန်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(တနင်္သာရီ)