တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနသည် ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ (၄)ရက်နေ့၊ နံနက်(၀၉း၃၀)နာရီအချိန်တွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ မြိတ်မြို့၊ ကန်ဖျားရပ်၊ မြေနီလမ်းရှိ ကန်စွန်းအင်း ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျောင်းသား/ ကျောင်းသူ၊ ဆရာ၊ ဆရာမများအား ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာသိကောင်းစရာများအကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရရှိပါသည်။
အဆိုပါဟောပြောပွဲတွင် ကျန်းမာရေးဆိုင်ရာပြသနာများ၊ ရာသီပေါ်ရောဂါများအကြောင်း ဆွေးနွေးပြောကြားခြင်း၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ စားသုံးသူနစ်နာမှုရှိပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်ကြောင်း၊ ထုတ်ကုန်များတွင် မြန်မာဘာသာဖြင့်ကုန် အညွှန်းအမှတ်အသားဖော်ပြရခြင်းအကြောင်း၊ အစားအစာစားသောက်ရာတွင် လိုက်နာသင့်သည့်အချက်များအကြောင်း၊ ဆိုးဆေးနှင့် ဓါတုတာရှည်ခံဆေးများအကြောင်းနှင့် စားသုံးရန်မသင့်အစားအသောက်များအကြောင်းအားပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြပါသည်။ ဟောပြောပွဲကို ဆရာ/ ဆရာမ၊ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း(၃၅၀)ဦးခန့်တက်ရောက်ခဲ့ပြီး ကျောင်းသူ/ ကျောင်းသားများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ကျောင်းမုန့်စျေးတန်းများအား ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(တနင်္သာရီ)