တောင်ငူမြို့ အခြေခံပညာအထက်တန်းကျောင်းများတွင်စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

Powered by Drupal

               စားသုံးသူရေးရာဦးစီးဌာနသည် တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးမင်းဇော် ဦးဆောင်သောအဖွဲ့သည် နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် တောင်ငူမြို့  အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင်လည်းကောင်း၊ မွန်းလွဲပိုင်းတွင် အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းတွင်လည်းကောင်း၊ ကျောင်းသားကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့ပါသည်။

             ဟောပြောပွဲတွင် တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူက စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများကိုလည်းကောင်း၊ ခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲတာဝန်ခံ ဦးစောသန်းထိုက်ကျော်က အွန်လိုင်းတွင်ဝယ်ယူခြင်းနှင့်ပတ်သက်၍ သိကောင်းစရာများကိုလည်းကောင်း ဟောပြောခဲ့ပါသည်။‌

              ဟောပြောပွဲများအပြီးတွင်  ကျောင်းမုန့်ဈေးတန်းများတွင် ရောင်းချလျှက်ရှိသော အသင့်စားမုန့်များနှင့် အသင့်သောက်အချိုရည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်များနှင့် အညီ ကုန်အညွှန်းအမှတ်အသားများ ဖော်ပြထားခြင်းရှိ/ မရှိကို စစ်ဆေးခဲ့ကြောင်း၊ အထက(၁) ဟောပြောပွဲတွင် ကျောင်းသား/ကျောင်းသူ ၁၂၀ ဦး၊ အထက(၅) ဟောပြောပွဲတွင် ကျောင်းသား/ ကျောင်းသူ ၁၈၀ ဦး တက်ရောက်ကြောင်း သိရှိရပါသည်။

DOCD(ပဲခူး)