စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးဦးမျိုးအောင် ဦးဆောင်သောဝန်ထမ်း များသည် နိုဝင်ဘာလ ၂၉ ရက် ညနေပိုင်းတွင် တောင်ငူမြို့ အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်း၊ ဖိုးကွန်းခန်းမတွင် ကျောင်းသားကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး Vinyl များကိုချိတ်ဆွဲ ပြသပါသည်။
ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်ခိုင်နှင့် စားသုံးသူရေးရာဦးစီး ဌာန၊ ခရိုင်ဦးစီးမှူး ဦးမျိုးအောင်တို့က အဖွင့်အမှာစကားများပြောကြားကြပြီး ဒုတိယခရိုင်ဦးစီးမှူး ဦးမင်းဇော်က စားသုံးသူကာကွယ်ရေးဆိုင်ရာသိကောင်းစရာများကိုလည်းကောင်း၊ ခရိုင်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးစောသန်းထိုက်ကျော်က အွန်လိုင်းမှတဆင့်ဝယ်ယူခြင်းနှင့် စပ်လျဉ်း၍ သိကောင်းစရာ များကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့ပါသည်။
ဟောပြောပွဲသို့ ကျောင်းသားကျောင်းသူ ၁၅၀ ဦးတက်ရောက်ပြီး ဟောပြောပွဲအပြီးတွင် တက်ရောက်လာသည့် ကျောင်းသားကျောင်းသူများက ပြခန်းအတွင်း ချိတ်ဆွဲပြသသည့် အသိပညာပေး Vinyl များကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)