တရားမဝင်ကုန်စည်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          ဟင်္သာတခရိုင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့သည် (၃.၁၂.၂၀၂၄)ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်မှစတင်၍ လေးမျက်နှာမြို့ပေါ်ဈေးရှိ ကုန်စုံဆိုင်များတွင် တရားမဝင်ကုန်စည် များရောင်းချခြင်းရှိ/ မရှိကိုလည်းကောင်း၊ လေးမျက်နှာမြို့နယ်၊ ပုသိမ်-မုံရွာကားလမ်းရှိ ပန်းတောကြီးဂိတ်တွင် ဖြတ်သန်းသွားလာသော မော်တော်ယာဉ်များတွင် တရားမဝင်ကုန်စည်များ သယ်ယူပို့ဆောင်ခြင်းရှိ/ မရှိကိုလည်းကောင်း ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

          ဒေသတွင်းရှိ အသေးစား၊ အလတ်စား၊ အငယ်စား စီးပွားရေးလုပ်ငန်းများဈေးကွက်တွင် မျှတစွာယှဉ်ပြိုင်ရပ်တည်နိုင်ပြီး၊ စားသုံးသူများအားကာကွယ်ပေးနိုင်ရေး၊ တရားမဝင် ကုန်သွယ်မှုများ၏အန္တရာယ်နှင့် တရားမဝင်ကုန်သွယ်မှုကြောင့် ဒေသအတွင်းထိခိုက်မှုမရှိစေရေးရည်ရွယ်၍ စစ်ဆေးခြင်းဖြစ်ပြီး၊ မော်တော်ဆိုင်ကယ်များ၊ ကုန်တင်ယာဉ်များ၊ ခရီးသည်ယာဉ်များနှင့် ဆီဘောက်ဆာယာဉ်များတွင် ကုန်စည်နှင့် ကုန်ပို့လွှာများ ကိုက်ညီမှုရှိ/ မရှိစစ်ဆေးခြင်း၊ လေးမျက်နှာမြို့ပေါ် စည်ပင်ဈေးရှိ ကုန်စုံဆိုင်များတွင် အများပြည်သူသုံးစွဲရန်နှင့် အသုံးပြုရန်မသင့်တော်သော ကုန်စည်များ၊ မြန်မာနိုင်ငံ FDA ထောက်ခံချက်မရရှိသောကုန်စည်များ၊ အလှကုန်များ၊ စားသုံးသူ ကာကွယ်ရေးဥပဒေအရ တားမြစ်ထားသော ကုန်စည်များကို ရောင်းချခြင်းရှိ/ မရှိ ရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)