ဇလွန်မြို့နယ် အ.မ.က ဒိုက်အင်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောခြင်း

Powered by Drupal

            စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၃.၁၂.၂၀၂၄)နေ့ နေ့လယ်(၁၃:၀၀)နာရီ အချိန်တွင် ဇလွန်မြို့၊ ဒိုက်အင်းကျေးရွာရှိ အခြေခံပညာမူလတန်းတွင် ဆရာ၊ဆရာမ နှင့် ကျောင်းသား၊ကျောင်းသူ ၉၅ ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်းနှင့်  စာဖတ်ရှိန်မြှင်တင်ရေး  အသိပညာပေး ဟော ပြောပွဲကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

            အဆိုပါဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက အစားအသောက်များတွင်ပါဝင်သော ဓါတုဆိုးဆေး၏ ဆိုးကျိုးများအကြောင်း၊ မြန်မာဘာသာဖြင့် ကုန်အညွှန်းဖော်ပြထားခြင်းမရှိသော အစားအသောက်များနှင့် လူသုံးကုန်ပစ္စည်းများ ဝယ်ယူအသုံးပြုရာတွင် သတိပြုလိုက်နာဆောင်ရွက်ရ မည့်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အရေးနှင့် တာဝန်များအကြောင်း၊ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့်နစ်နာ ဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များအကြောင်းကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ မြို့နယ်ဦးစီးမှူးက လူငယ်စကားဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် ဟောပြောပွဲကို ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)