ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မြို့မဈေး၌ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ(၃) ရက်နေ့၊ နံနက် (၀၇:၀၀) နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ ၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မွေးမြူရေးလုပ်ငန်းရှင်များပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ကြက်ဥ၊ ဘဲဥ ၊ ကြက်သား(CP) ၊ ငါးများကို သက်သာဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်းသိရသည်။
အဆိုပါ ရောင်းချရာတွင် ကြက်ဥ အလုံး(၅၀၀) တစ်လုံးလျှင် (၃၈၀) ကျပ်၊ ဘဲဥ အလုံး(၅၀၀) တစ်လုံးလျှင် (၅၀၀) ကျပ်၊ ကြက်သား(CP) အချိန်(၁၅) ပိဿာ တစ်ဆယ်ကျပ်သားလျှင် (၁၅၀၀) ကျပ်၊ ငါးပုတ်သင် အချိန်(၁၅) ပိဿာ တစ်ဆယ်ကျပ်သားလျှင် (၅၀၀) ကျပ် နှုန်းဖြင့် ရောင်းချပေးခဲ့ပါသည်။ ပြင်ပပေါက်ဈေးနှင့် နှိုင်းယှဉ်လျှင်နှင့် ကြက်ဥ၊ ဘဲဥ တစ်လုံးလျှင် (၇၀) ကျပ်၊ကြက်သား (CP) နှင့် ငါးပုတ်သင် တစ်ဆယ်ကျပ်သားလျှင် (၃၀၀) ကျပ်ခန့် လျော့နည်းသက်သာစွာဖြင့် အများပြည်သူများ ဝယ်ယူစားသုံးနိုင်ရေးအတွက် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)