မိုးညိုမြို့နယ် ပဲယင်းဈေးကွက်

Powered by Drupal

               သာယာဝတီခရိုင် ၊  မိုးညို မြို့နယ်တွင် ဆောင်းသီးနှံ ပဲယင်းစိုက်ဧက (၁၂၆၅) ဧကခန့် စိုက်ပျိုး လျက်ရှိပါသည်။ သာယာဝတီခရိုင်တွင် ပဲယင်းစိုက်ပျိုးမှုအနေဖြင့် အခြားမြို့နယ်များတွင် စိုက်ပျိုးခြင်းမရှိဘဲ မိုးညိုမြို့နယ် တစ်မြို့နယ်တွင်သာ စိုက်ပျိုးထားရှိပါသည်။ ယခင်နှစ် ပဲယင်းတစ်တင်းပေါက်စျေးနှုန်း (၂၀)ပိဿာလျှင် (၄၅၀၀၀) ကျပ်ဝန်းကျင်ခန့်သာ ရှိခဲ့ပြီး ယခုနှစ်တွင် ပဲယင်းတစ်တင်း (၂၀)ပိဿာလျှင် (၅၈၀၀၀)ကျပ်ခန့်ရှိပါသည်။ ပဲယင်းတစ်ဧက ကုန်ကျစရိတ်အနေဖြင့် (၃)သိန်းဝန်းကျင်ခန့် ကုန်ကျပြီး တစ်ဧကအထွက်နှုန်း (၁၈)တင်းခန့် ထွက်ရှိပါသည်။  တစ်ဧကဝင်ငွေမှာ (၁၀) သိန်းခန့် ရရှိပြီး အကျိုးအမြတ် အနေဖြင့် (၇၄၄၀၀၀)ကျပ်ခန့် ရရှိနိုင်ပါသည်။

            မိုးညိုမြို့ပေါ်ရှိ ပွဲရုံပေါက်စျေး ပဲယင်းတစ်တင်း (၂၀) ပိဿာ တစ်တင်းလျှင် (၅၈၀၀၀)ကျပ်ရှိပြီး ၊ ပွဲရုံများမှ ရန်ကုန်-လှိုင်သာယာဂိုဒေါင်များနှင့် ‌ရွှေပြည်သာဂိုဒေါင်များသို့ အဓိကတင်ပို့ ရောင်းချကြောင်းနှင့် အိတ်အရေအတွက် တစ်သောင်းကျော်ခန့် တင်ပို့ပြီးစီးကြောင်းနှင့် လက်ရှိ အခြေအနေတွင် ပွဲရုံ ပဲယင်းလက်ကျန် လျော့နည်းနေကြောင်း ကုန်သည်ကြီးများထံမှ သိရှိရပါသည်။

DOCA(ပဲခူး)