ညောင်ဦးခရိုင်ရှိ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအား အသိပညာပေးဟောပြောပွဲဆောင်ရွက်

Powered by Drupal

            စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူး ဦးသန်းစိုး(လက်ထောက်ညွှန်ကြား ရေးမှူး) သည်(၂၇.၁၁.၂၀၂၄)ရက်နေ့၊ ညနေ (၁၅:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ ညောင်ဦးခရိုင်ရှိ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအား အွန်လိုင်းရောင်းချမှုများ၊ စားသုံးသူကာကွယ်ရေးနှင့် ပတ်သက်သည့် အကြောင်းအရာများနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲအား ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

               ဟောပြောဆွေးနွေးမှုတွင် ခရိုင်ဦးစီးမှူး ဦးသန်းစိုးမှ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းဆိုသည်မှာ ကုန်စည်ကိုဖြစ်စေ၊ ဝန်ဆောင်မှုကိုဖြစ်စေ အွန်လိုင်း (Online) စနစ်မှတစ်ဆင့် ဝန်ဆောင်မှုပေး၍ ရောင်းချသည့်လုပ်ငန်းကို ဆိုလိုတာဖြစ်ပါကြောင်း၊ အွန်လိုင်းမှဝယ်ယူသည့်အခါ ရယူသုံးစွဲသူများအနေဖြင့် သတိထားရမည့် လိမ်လည်နိုင်သည့် ပုံစံ(၂)မျိုးကိုအထူးဂရုပြု၍ သိရှိထားရန်လိုအပ်ပါကြောင်း၊ ပထမအချက်အနေဖြင့် ငွေကြေးရယူသည့်လိမ်လည်မှုဖြစ်ပြီး ဥပမာအနေဖြင့် မှာယူသုံးစွဲသူမှ ငွေကြိုလွှဲပြီးနောက် Social Network Account များ ပိတ်သွားခြင်း၊ ဝယ်ယူသူအားဘလော့လိုက်ခြင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ထားမှုမရှိသည့်အတွက် မြေပြင်လိပ်စာရှာမရခြင်း၊ ဖုန်းနံပါတ်များအား ဘလော့ပြုလုပ်သွားခြင်းနှင့် Deactivate ပြုလုပ်သွားခြင်း၊ ဒုတိယအချက်အနေဖြင့် ကုန်စည်/ ဝန်ဆောင်မှုအရည်အသွေးနှင့် စပ်လျဉ်းသည့် လိမ်လည်မှုမျိုးဖြစ်ပြီး၊ ဥပမာ ကုန်စည်/ ဝန်ဆောင်မှုကို အမှန်တကယ်ရောင်းချသော်လည်း ဝယ်ယူပြီးနောက် ပစ္စည်းများပို့သည့် အခါ(သို့မဟုတ်) ဝန်ဆောင်မှုပေးသည့်အခါ ဝယ်ယူစဉ်က သဘောတူညီထားသည့် အချက်များ နှင့်မကိုက်ညီခြင်း၊ ဝယ်ယူထားသည့် ကုန်စည်/ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှု ဖြစ်ပါ်လာပါက တာဝန်ယူမှု၊ တာဝန်ခံမှုမရှိခြင်း စသည်ဖြင့်လိမ်လည်နိုင်သောကြောင့် ဝယ်ယူသုံးစွဲသူများအနေဖြင့် နစ်နာဆုံးရှုံးမှုများ ဖြစ်စေနိုင်ပါကြောင်း၊ သို့ဖြစ်ပါ၍ တက်ရောက်လာသောလုပ်ငန်းရှင်များအနေဖြင့် မိမိတို့မှာ အွန်လိုင်းစနစ်ဖြင့် ရောင်းဝယ် မှုပြုလုပ်သော လုပ်ငန်းရှင်များရှိပါက အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ကြရန် လိုအပ်ပါကြောင်းနှင့် အွန်လိုင်းမှ ဝယ်ယူသုံးစွဲသူများရှိလျှင်လည်း အထက်ပါဟောပြော ဆွေးနွေးမှုများကို သတိပြုကြရန်လိုအပ်ပါကြောင်းနှင့် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက် လိုသူများသည် သတ်မှတ်ချက်များနှင့်ကိုက်ညီရမည်ဖြစ်ပြီး၊ သတ်မှတ်ချက်များအား လည်းကောင်း၊ မှတ်ပုံတင်လက်မှတ်ရရှိသူများအနေဖြင့် ပြင်ဆင်လျှောက်ထားခြင်း၊ သက်တမ်း တိုးလျှောက်ထား ခြင်းများနှင့် ပတ်သက်သည့်အချက်များကိုလည်းကောင်း၊ မှတ်ပုံတင်လက် မှတ်ရရှိသူ၏ တာဝန်များနှင့်အခွင့်အရေးများကိုလည်းကောင်း၊ အွန်လိုင်းရောင်းချခြင်းများ၏ အားသာချက်၊ အားနည်းချက်များ ၊ စိစစ်သင့်သည့်အချက်များ၊ သက်ဆိုင်ရာဌာနများ၏ ဆောင်ရွက်မှုများ၊ မှတ်ပုံတင်ထားသည့် အွန်လိုင်းရောင်းချမှုလုပ်ငန်းများမှ ရွေးချယ်ဝယ်ယူ ခြင်းဖြင့် ရရှိလာမည့်အကျိုးရလဒ်များနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်း ရှင်များ သိသင့်သိထိုက်သည့် အကြောင်းအရာများအား အသိပညာပေးဟောပြောဆွေးနွေးခဲ့ရာ ဟောပြောဆွေးနွေးပွဲသို့ ညောင်ဦးခရိုင်အတွင်းရှိ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ စုစုပေါင်း ( ၂၀)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)