ကန့်ဘလူမြို့နယ်တွင် တစ်နိုင်တစ်ပိုင် မုန့်ညင်းရွက်စိုက်ပျိုးခြင်းဖြင့် ဝင်ငွေရရှိ

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု ၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများအပြင် အခြားသောသတင်းအချက်အလက်များကိုလည်း သိရှိလေ့လာနိုင်စေရန် ရည်ရွယ်၍ ဒေသတွင်းရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၏ စိုက်ပျိုးထုတ်လုပ်မှု၊ အကျိုးအမြတ်ရရှိမှုတို့ကို ကွင်းဆင်းလေ့လာပြီး ရေးသားတင်ပြလျက်ရှိကြောင်း သိရသည်။

      ကန့်ဘလူမြို့နယ် တာဝန်ခံဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်း(၁)ဦးတို့သည် ကန့်ဘလူမြို့၊ အမှတ် (၅)ရပ်ကွက်တွင် ရာသီအလိုက်အသီးအနှံများကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးရောင်းချနေသည့် လုပ်ငန်းရှင်ဦးကျော်မျိုး၏ မုန့်ညင်းရွက်စိုက်ခင်းသို့ ကွင်းဆင်းလေ့လာခဲ့ရာ အောက်တိုဘာလနောက်ဆုံး အပတ်တွင် စတင်စိုက်ပျိုးခဲ့ကြောင်း၊ စိုက်ပျိုးပြီး(၁)လခန့်အကြာတွင် မုန့်ညင်းရွက်များစတင်ခူးဆွတ်ရကြောင်း၊ ယခုအခါ  မုန့်ညင်းရွက်များကို ကန့်ဘလူမြို့မဈေးသို့ (၁၀)စီးပါတစ်ထုံးလျှင် (၂၀၀၀)ကျပ်ဖြင့် လက်ကားရောင်းချပေးပြီး ၊ ခြံလက်လီရောင်းဈေးမှာ (၁)စီးလျှင်(၂၅၀)ကျပ်ဖြစ် ကြောင်း၊ မုန့်ညင်းရွက်သည် စိုက်ပျိုးရလွယ်ကူပြီး နေ့စဉ်ခူးဆွတ်ရောင်းချရသည့်အတွက် ဝင်ငွေရရှိကာ မိသားစုအဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။

DOCA(စစ်ကိုင်း)