ကြောင်လျှာသီးပင်သည် သဘာဝအလေ့ကျပေါက်သော အပင်ဖြစ်၍ အပွင့်၊အသီး ၊အခေါက်နှင့်ရွက်များကလည်း ဆေးဖက်ဝင်သောကြောင့်ဈေးကွက်ဝင်သောအပင်ဖြစ်သည်။ နှစ်စဉ်မိုးရေ ကောင်းစွာရရှိသော အပူပိုင်းဒေသရာသီဥတုကို ကြိုက်နှစ်သက်သည်။
ယခုအခါ ထားဝယ်မြို့၊ကျေးလက်ဒေသတောရွာများတွင် စီးပွားဖြစ်စိုက်ပျိုးကြပြီး ထိုမှတစ်ဆင့် ထားဝယ်မြို့ပေါ်ရှိ စည်ပင်သာယာဈေးကြီးနှင့်ရက်ကွက်ဈေးငယ်များတွင် လာရောက်ရောင်းချလျက်ရှိပြီး ကြောင်လျှာသီးတစ်တောင့်လျှင်(၂၀၀၀ မှ ၂၅၀၀)ကျပ်ရှိကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)