“မတ္တရာပဲခေါ်ပဲစိမ်းများဈေးကောင်းရ”

Powered by Drupal

                မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် စပါး၊ ငရုတ်၊ ကြက်သွန် စသည့်သီးနှံများ စိုက်ပျိုးကြသည့်အပြင် စားဖိုဆောင်သီးနှံများကိုလည်း ရာသီအလိုက် တောင်သူဦးကြီးများက အပိုဝင်ငွေများရရှိအောင် စိုက်ပျိုးလာကြပါသည်။ စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော မတ္တရာပဲကို ခရိုင်အတွင်းရှိနေရာဒေသအလိုက် စိုက်ပျိုးကြပါသည်။ မတ္တရာပဲကို တစ်နိုင်တစ်ပိုင်မှ စီးပွားဖြစ်စိုက်ပျိုးလာကြပါသည်။ မတ္တရာပဲစိုက်ပျိုးမှု တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ တိုင်ထောင်ဝါးဖိုးအပါအဝင် (၅၅၀၀၀၀/-)ကျပ်ခန့်ကုန်ကျကြောင်း၊ မျိုးအနေဖြင့်တစ်ဧကလျှင် (၂)ပြီကုန်ကျပြီး တစ်ပြီလျှင် (၁၃၀၀၀)ကျပ်ဖြင့် ဝယ်ယူစိုက်ပျိုးရကြောင်း၊ အများဆုံးစိုက်ပျိုးသောရွာများမှာ အုန်းခရိုင်ရွာ၊  စိုင်မလန်းရွာနှင့် ကိုးပင်ရွာများတွင် စိုက်ပျိုးကြကြောင်း၊ ပဲပေါ် ချိန်တွင် (၇)ရက် တစ်ပတ်လျင် တစ်ကြိမ်ခူးဆွတ်ရကြောင်း၊ တစ်ကြိမ်ခူးဆွတ်လျင် အခွံခွာပြီး ပဲ (၅၀-၆၀) ပြီအထိ ရရှိကြောင်း၊ ပဲအခွံခွာက တစ်ပြီလျှင် (၅၀၀/-)ကျပ်ပေးရကြောင်း၊ စျေးနှုန်းအနေဖြင့် ပဲအစိုတစ်ပြီ လျင်(၈၀၀၀) ကျပ်ဈေးရှိပြီး ဖောက်သည်ဈေးအနေဖြင့် တစ်ပြီလျင် (၆၀၀၀)ကျပ် ဖြင့်ရောင်းချပေးပြီးတစ်ဘူးလျင်(၁၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။ မတ္တရာပဲကို ပွဲစားများမှာအိမ်အရောက် လာရောက်ဝယ်ယူသူများရှိသလို ကိုယ်တိုင်လည်း ကုန်စိမ်းဒိုင်များမှတစ်ဆင့် မန္တလေး၊ ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချ လျက်ရှိပါသည်။ မတ္တရာပဲ ကို(၇)ရက် တစ်ပတ် တစ်ကြိမ်ခူးဆွတ်ပြီး  (၃)လသက်တမ်းအထိခူးဆွတ်နိုင်သောကြောင့်  အကျိုးအမြတ်များပိုမိုရရှိပါသည်။ (၃)လ သက်တမ်းတွင်  (၁၂) ပတ်ရှိပြီး တစ်ပတ်လျှင် ပြီ(၆၀) ရရှိသောကြောင့်ပဲအထွက်စုစုပေါင်း (၇၂၀)ပြီ ရရှိနိုင်ကြောင်း တစ်ပြီလျှင်(၆၀၀၀)ကျပ်ရရှိ သောကြောင့် ၊ အကျိုးအမြတ်အနေဖြင့် စိုက်ပျိုးစရိတ်နှုတ်ပြီးပါက(၃၀၀၀၀၀၀)ကျပ်ခန့် ရရှိနိုင်ပါသည်။ ဇူလိုင်လတွင် စိုက်ပျိုးခဲ့သော မတ္တရာပဲများမှာ ယခုအချိန်တွင်ထွက်ရှိပြီးဖြစ်သောကြောင့် ဈေးကောင်းရရှိသဖြင့်အကျိုးအမြတ်များပိုမိုရရှိကြောင်း မတ္တရာပဲစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)