“ဈေးကောင်းရသောချဉ်ပေါင်ဖူး”

Powered by Drupal

              မိုးအကုန်ဆောင်းအကူးတွင်ပေါ်သော ရာသီပေါ်သီးနှံမျိုးစုံရှိရာ ယခုလတ်တလောတွင် ချဉ်ပေါင်များကို မြေလွတ်မြေရိုင်းများနှင့် လယ်ကန်သင်းဘေးများတွင် စိုက်ပျိုးကြပါသည်။ တောင်သူအများစုကမိသားစု အပိုဝင်ငွေရရှိအောင် ဗမာချဉ်ပေါင်နှင့် အဖူးပါစားသုံးလို့ရသော ဒေသအခေါ်ဘိလပ်ချဉ်ပေါင်များကိုလည်း အများဆုံးစိုက်ပျိုးကြပါသည်။ အဖူးခွံစိမ်းနှင့် အခွံနီချဉ်ပေါင်ဖူးဟူ၍ အမျိုးအစားနှစ်မျိုးရှိရာ အစိမ်း‌ရောင်အဖူးကိုလူကြိုက်များပြီး အရောင်းသွက်ကြောင်း၊ ဈေးနှုန်းမှာချဉ်ပေါင်ဖူး(၁) ပြည်လျှင်(၃၅၀၀)ကျပ်ရောင်းချရပြီး ယခင်နှစ်ချဉ်ပေါင်ဖူး ဈေးနှုန်းမှာ(၁)ပြည်လျှင် (၁၀၀၀)ကျပ်သာ ရောင်းချခဲ့ရပါကြောင်း၊ ချဉ်ပေါင်ပင်ပေါ်မှုတည်၍ အထွက်နှုန်းကွာခြားကြောင်း၊ ချဉ်ပေါင်ဖူးများကို နီးစပ်ရာမြို့များနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ လာရောက်ဖောက်သည်ယူ၍ တစ်ဆင့်ပြန်လည်ရောင်းချကြပါသည်။ ချဉ်ပေါင်ဖူးကို အချဉ်ရည်ဟင်းအဖြစ်လည်းကောင်း၊ ချဉ်ပေါင်စပ်ချဉ်ဟင်းအဖြစ်လည်းကောင်း၊ မြေပဲဆံငရုပ်သီးစိမ်းနှင့် ရောထောင်း၍ စားလျင်ခံတွင်းမြိန်စေပါသည်။ မိုးရာသီ ထွက်ချဉ်ပေါင်ဖူးများကို အခြောက်လှန်း၍ သိမ်းဆည်းထားတက်ကြပြီး ချဉ်ပေါင်ဖူးခြောက်ကို ထန်းလျှက်ဖြင့်ရော၍ကြိုပြီး ချဉ်ပေါင်ယိုအဖြစ်လည်းစားသုံးကြသလို  အညာဒေသများတွင် သရေစာအဖြစ်လည်း စားသုံးကြပါသည်။ မြေလွတ်မြေရိုင်များနှင့် ယာမြေများတွင် စိုက်ပျိုးသော ချဉ်ပေါင်ပင်များမှအဖူးအရွက်ခူး၍ ရောင်းချရသောကြောင့် ချဉ်ပေါင်စိုက်ပျိုးသော တောင်သူများအတွက် အပိုဝင်ငွေတိုးစေသောကြောင့် မိသားစုစားဝတ်နေရေးအဆင်ပြေစေသော ချဉ်ပေါင်ဖူးများကိုစိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)