တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့အနီးရှိ ပတ်ဝန်းကျင်ကျေးရွာများမှ ပြည်သူများသည် မိမိတို့နေအိမ်ခြံဝင်းနှင့်လယ်ယာမြေများတွင် သီးပင်စားပင်များအပြင် မုန်လာဥပင်များ စိုက်ပျိုးထားကြပါသည်။ မုန်လာဥပင်စိုက်ပျိုးရန် အသင့်တော်ဆုံးမြေမှာ သဲနုန်းမြေဖြစ်သည်။ ဥအတွက်စိုက်ပျိုးရသော အပင်မျိုးဖြစ်သဖြင့် မြေကြီးနက်နက်အထိ မြေသားပွရန်လိုအပ်ပါသည်။ မုန်လာဥများကို စိုက်ပျိုးပြီး (၃၀) ရက်ခန့်အကြာတွင် နုတ်သိမ်းနိုင်ပါသည်။ အရွက်နှင့်အတူနုတ်သိမ်းရာ၌ ဥမကျိုးစေရန်ဂရုစိုက် ရပြီး အချိန်မီ မနုတ်သိမ်းပါက ဥကွဲခြင်း၊ အူချောင်ခြင်းများဖြစ်ပေါ်နိုင်သည်ဟု သိရှိရပါသည်။
နုတ်သိမ်းပြီးသောမုန်လာဥများကို ဥသေး(၅)လုံးတစ်စည်းလျှင် (၂၅၀၀) ကျပ်နှင့် ဥကြီး (၅) လုံး တစ်စည်းလျှင် (၃၅၀၀) ကျပ်ဖြင့် ထားဝယ်မြို့စည်ပင်သာယာစျေးကြီးနှင့် ရပ်ကွက်စျေးများတွင် လာ ရောက်ရောင်းချကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)