ချောင်းဆုံမြို့နယ်၊ သက္ကောကျေးရွာစာကြည့်တိုက်၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ

Powered by Drupal

              ၅.၁၂.၂၀၂၄ ရက်နေ့ နေ့လယ် (၁၄:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးသည် ချောင်းဆုံမြို့နယ်၊ သက္ကောကျေးရွာ စာကြည့်တိုက်၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

              အဆိုပါ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးမှ စားသုံးသူ၏အဓိပ္ပာယ်၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များကိုရှင်းလင်းပြီး ကုန်စည်များကို ဝယ်ယူအသုံးပြုရာတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်သော ကုန်စည်များကို ရွေးချယ်ဝယ်ယူအသုံးပြုတတ်စေရန် ရှင်းလင်းဆွေးနွေးပြီး၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက စားသုံးသူများမှ လူကိုယ်တိုင်ဖြစ်စေ၊ စားသုံးသူရေးရာဦးစီးဌာန website မှတစ်ဆင့်ဖြစ်စေ၊ ဖုန်းဖြင့်လည်းကောင်း၊ DOCA Myanmar Mobile Application ဖြင့်လည်းကောင်း၊ Call Center (1535) ကို ခေါ်ဆို၍လည်းကောင်း တိုင်ကြားနိုင်ခြင်းအကြောင်းကို ဟောပြောဆွေးနွေးခဲ့သည်။ အဆိုပါဟောပြောပွဲသို့ ကျေးရွာသား/ သူ စုစုပေါင်း (၂၀) ဦးတက်ရောက်ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)