ပြင်သစ်ပန်း(ခ) ဆောင်တော်ကူးပန်းသည် အရောင်မှာဖြူစွတ်စွတ်အရောင်ရှိပြီး ပန်းပွင့်ချိန်တွင် အဆုပ်လိုက်အဆုပ်လိုက်ပွင့်တက်သော နွယ်ပင်တစ်မျိုးဖြစ်ပါသည်။ ထိုပန်းသည် ဆောင်းဦးပေါက်ရာသီချိန်ဖြစ်သော နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် ထွက်ပေါ်လာပြီး တစ်နှစ်မှတစ်ခါသာပေါ်တက်သဖြင့် လူအများက နှစ်ခြိုက်စွာဝယ်ယူကြသော ပန်းတစ်မျိုးဖြစ်ပါသည်။ ပြင်သစ်ပန်း(ခ) ဆောင်တော်ကူးပန်းများကို ပြည်ဈေးကွက်သို့ အနီးအနားရှိ ကျေးရွာများ၊ ဧရာဝတီမြစ် အနောက်ဘက်ကမ်းရှိ ကျေးရွာများမှ လာရောက်ရောင်းချကြပါသည်။ ရောင်းချသောဈေးနှုန်းများမှာ အစည်းတစ်စည်းလျှင် ၁၂၀၀-၁၃၀၀ကျပ်ဖြင့်ရောင်းချကြောင်း သိရပါသည်။ ပန်းမှာ ဘုရားပန်းကပ်လှူရာတွင်လည်းကောင်း၊ နတ်ပန်းအိုးထိုးရာတွင်လည်းကောင်း၊ ပန်ဆင်ရာတွင်လည်းကောင်း ဝယ်ယူသုံးစွဲကြသဖြင့် ရောင်းချသူများအနေဖြင့်လည်း တစ်နှစ်တစ်ခါထွက်ပေါ်သည့်ပန်းဖြစ်၍ စရိတ်ငြိမ်းအမြတ်အစွန်းများလည်းရရှိသည့် ပန်းဖြစ်ကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)