ပြည်ဈေးကွက်သို့ ဆောင်းပဲတီစိမ်းသစ်များ အောက်တိုဘာလကုန်ပတ်တွင် စတင်ဝင်ရောက်လာခဲ့ပြီး ယခုတစ်ပတ်မှာတော့ ပြည်အနီးတဝိုက်နှင့် မင်းတုန်း၊ ကံမဘက်မှ ဝင်ရောက်မှုများလာခဲ့သည့်အတွက် တစ်ရက်အဝင် အိတ်၇၀၀/ ၈၀၀ကျော် ဝင်ရောက်လာခဲ့ပါသည်။ ပဲဈေးနှုန်းအနေဖြင့် ပိဿာ(၂၀)တစ်တင်း ၉၆၀၀၀ကျပ် မှ ၉၇၀၀၀ကျပ်ထိ ဈေးမြင့်တက်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရပါသည်။ ပဲသစ်ပေါ်စအချိန်က တစ်တင်းလျှင် ကျပ် ၇၀၀၀၀ ဝန်းကျင်ဖြင့် ရောင်းဝယ်ခဲ့သည့်အတွက် ပဲဈေးကွက်မှာ အခြားပဲများနှင့်းယှဉ်လျှင် ဈေးနိမ့်နေခဲ့ကာ ယခုကာလ ပဲသစ်အဝင်လှိုင်ချိန်မှာတော့ ပဲဈေးနှုန်းလည်းမြင့်တက်လာသည်ကို တွေ့ရပါသည်။ အရောင်းအဝယ်ဖြစ်မှုအနေဖြင့် ဝင်ရောက်မှုရှိသလောက် အရောင်းအဝယ်ဖြစ်ခဲ့ကြပြီး ရန်ကုန်ဝယ်လက် အဝယ်ရှိခဲ့ကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)