ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ဝါးတောအုပ်စု၊ ဖားအိုင့်ရွာရှိ တောင်သူဒေါ်နွယ်နွယ်ဝင်း၏ ပင်ဆိုင်စိုက်ခင်းသို့ (၆.၁၂.၂၀၂၄)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် သွားရောက်လေ့လာခဲ့ရာ ပင်ဆိုင်ပင်များကို သီတင်းကျွတ်လတွင်စိုက်ပျိုးပြီး တစ်လကြာလျှင် ပင်ဆိုင်ပင်များကိုနုတ်ယူရောင်းချ၍ရပါသည်။ ပင်ဆိုင်ပင်ကို တစ်ပင်နှင့် တစ်ပင် ၁ပေ အကွာတွင် စိုက်ပျိုးပြီး မြောင်း(၁၀) မြောင်းတူး၍ မြောင်း(၁၀)မြောင်းကို မျိုးစေ့ ၁ထုပ် ဖြင့်စိုက်ပျိုးရပါသည်။ ပင်ဆိုင်ပင်များသည် တစ်လလုံးအတွက် အစာကို ၂ပြည် အနည်းဆုံးကျွေးရပြီး ပင်ဆိုင်အပင်မှာ အားကောင်းလျင် အပင် ရေ(၅၀၀၀)ထွက်ရှိပါသည်။ ပင်ဆိုင်ပင်များကို နှုတ်ယူရောင်းချချိန်တွင် တစ်နေ့လျင် အပင်ရေ၁၀၀ပင်မှ အပင်ရေ ၁၅၀ အထိနုတ်လို့ရရှိကြောင်း သိရပါသည်။ ပင်ဆိုင်ပင်များကို ဒိုင်များမှ အပင်အကြီးအသေးကို တစ်ပင်လျှင် ၁၅၀ ကျပ် နှုန်းဖြင့် လာရောက်ဝယ်ယူကြောင်း သိရှိရပါသည်။ ကုန်စိမ်းဒိုင်များမှတစ်ဆင့် လက်လီပြန်လည်ရောင်းဈေးမှာ ပင်ဆိုင်တစ်ပင်ကို ၂၀၀-၃၀၀ ကျပ်ဖြင့် ရောင်းချကြပါသည်။ ပင်ဆိုင်မျိုးစေ့ တစ်ထုပ်စိုက်ပျိုးခြင်း၏ ကုန်ကျစရိတ်မှာ ၅၀၀၀၀ ကျပ်ခန့်ကုန်ကျပြီး တစ်နေ့ကို အနည်း ဆုံးအပင်ရေ (၁၀၀)ထွက်ပါက တစ်နေ့ဝင်ငွေမှာ ၂၀၀၀၀ ကျပ်ရရှိသောကြောင့် တစ်လကြာစိုက်ပျိုးရသောအပင်ဖြစ်ပြီး အကျိုးအမြတ်များများရရှိကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)