
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ရှိ ကျောင်းစု အ.မ.က ကျောင်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာရေးဦးစီးဌာန၊ ပြည်သူကျန်းမာရေးဦးစီးဌာန တို့ ပူးပေါင်းပါဝင်၍ ကျောင်းအသိပညာပေးဟောပြောခြင်းကို ၁.၁၂.၂၀၂၄ ရက်နေ့ နေ့လယ် (၁၀:၀၀)နာရီအချိန်တွင် အသိပညာပေးဟောပြောခြင်း ပြုလုပ်ခဲ့ကြသည်။
အဆိုပါ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီးက အဖွင့်အမှာစကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးရုံးက ဒေါ်ချိုမီဇင်(ဒု-ဦးစီးမှူး)က စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်းဆိုင်ရာ ဗဟုသုတများကို ရှင်းလင်းပြီး၊ သတိပြုရမည့် ဆိုးဆေးများအန္တရာယ်နှင့် စားသုံးရန်မသင့်သော အစားအစာများနှင့် အချိုရည်များအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ဆိုင်ရာအချက်အလက် (၁၁)ချက်အကြောင်း၊ ကုန်စည်များတွင် မဖြစ်မနေဖော်ပြပါဝင်ရမည့် ကုန်စည်အမျိုးအစား၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့သည် မဖြစ်မနေ ပါဝင်ရမည်ဖြစ်၍ သတိပြုလေ့လာ၍ ဝယ်ယူအသုံးပြုရန်ကိုလည်းကောင်း၊ စားသုံးသူ အခွင့်အရေး နစ်နာမှုတစ်ရပ်ဖြစ်ပေါ်လာပါက စားသုံးသူရေးရာဦးစီးဌာနက စားသုံးသူအခွင့်အရေးကို အပြည့်အဝကာကွယ်ပေးနေသဖြင့် တိုင်ကြားနိုင်သည့်နည်းလမ်း (၇)မျိုး အကြောင်းနှင့် ပြန်လည်ဖြေရှင်ဆောင်ရွက်ခြင်းအကြောင်းတို့ကိုလည်းကောင်း၊ Consumer Call Center ၁၅၃၅ ကိုခေါ်ဆို၍ သိလိုသည်များမေးမြန်းနိုင်ပြီး တိုင်ကြားလိုလျှင် ဆက်သွယ်တိုင်ကြားနိုင် ကြောင်းတို့ကို အကျယ်တဝင့် ဆွေးနွေးဟောပြောခဲ့ပြီး ကျောင်းသား/ သူ (၃၀)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA (ဧရာဝတီ)