ရွှေဘိုခရိုင်အနေဖြင့် စပါးကိုအဓိကစိုက်ပျိုးကြသော်လည်း မိုးကောင်းတောဒေသများတွင် ပဲ၊ ပြောင်း သီးနှံများကိုစိုက်ပျိုးကြရာ ၂၀၂၃-၂၀၂၄ခုနှစ်မိုးသီးနှံတွင် အစေ့ထုတ်ပြောင်း(၃၈၂၅)ဧက စိုက်ပျိုးကြောင်း၊ အစေ့ထုတ်ပြောင်းကို ပဲစဉ်းငုံနှင့် သီးညှပ်သော်လည်းကောင်း၊ သီးသန့် သော်လည်းကောင်းစိုက်ပျိုးကြပြီး ဇွန်လတွင်စတင်စိုက်ပျိုး၍ စက်တင်ဘာလတွင် ရိတ်သိမ်းကြကြောင်း၊ တစ်ဧကအထွက်နှုန်းမှာ(၅၄)တင်းခန့် ထွက်ရှိကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည်။
ရွှေဘိုမြို့ရှိ ပဲ၊ နှမ်းကုန်စည်ဒိုင်သို့ ရွှေဘိုခရိုင်သာမက နယ်မြေခြင်းသထိစပ်လျက်ရှိသည့် ရေဦး ခရိုင်နှင့် ကန့်ဘလူခရိုင်မှ အစေ့ထုတ်ပြောင်းများလည်း ဝင်ရောက်လျက်ရှိကြောင်း၊ အစေ့ထုတ်ပြောင်းမှာ စက်တင်ဘာလ၊ ဒုတိယအပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ စတင်ဝင်ရောက်ခဲ့ပြီး နိုဝင်ဘာလ၊ စတုတ္ထအပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ အစေ့ထုတ်ပြောင်းတစ်တင်းလျှင်(၂၅၀၀ဝိ/-) ကျပ် ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ (၁၃၅၀၀)တင်း/ (၃၃၇)တန်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ အစေ့ထုတ်ပြောင်းတစ်တင်းလျှင် (၂၄၅၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ် ထက် အစေ့ထုတ်ပြောင်းတစ်တင်းလျှင်(၅၀ဝိ/-)ကျပ် ဈေးပိုမိုရရှိခဲ့ကြောင်း၊ ယခုအပတ်၌ ရွှေဘိုဈေးကွက်သို့ အစေ့ထုတ်ပြောင်းအဝင်များသော်လည်း ဝင်ရောက်သမျှ အရောင်းအဝယ် ဖြစ်လျက်ရှိ ကြောင်း ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းမှုအရ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)