ဈေးနှုန်းမြင့်တက်လာသော မော်လမြိုင်မြို့ ကြက်ဥဘဲဥ ဈေးကွက်ဈေးနှုန်း

Powered by Drupal

     ဒီဇင်ဘာလအတွင်း အရောင်းအဝယ်အနေဖြင့် ကြက်ဥဘဲဥကို နေ့စဉ် စားသုံးမှု လျော့နည်းမှုမရှိဘဲ ပုံမှန်အရောင်းအဝယ်နှင့် စားသုံးလျက်ရှိကြောင်း သိရှိရသည်။

    သို့သော် မော်လမြိုင်မြို့ ဈေးကွက်အတွင်း၌ ကြက်ဥ/ ဘဲဥ ဈေးနှုန်းမြင့်တက်မှု   ရှိနေကြောင်း၊  ယခုဒီဇင်ဘာလ (ဒုတိယပတ်)တွင် ကြက်ဥတစ်လုံး ၄၅၀ ကျပ်နှင့် ၅၀၀ ကျပ်အတွင်း၊ ဘဲဥတစ်လုံး ၅၈၀ ကျပ်ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။ ယခင်နိုဝင်ဘာလ(ဒုတိယပတ်)တွင် ကြက်ဥတစ်လုံး  ၄၅၀ကျပ်၊ ဘဲဥတစ်လုံး ၅၅၀ကျပ် ဖြစ်ပေါ်ခဲ့ရာ မော်လမြိုင်ဒေသ၏ ကြက်ဥဘဲဥဈေးနှုန်းမှာ  တစ်လုံးဈေးနှုန်းအရ ကြက်ဥဈေး ၅၀ ကျပ်နှင့် ဘဲဥဈေး  ၅၀ကျပ် ဈေးနှုန်းမြင့်တက်မှုရှိကြောင်း  ကြက်ဥဘဲဥအရောင်းဆိုင်များမှ သိရှိရပါသည်။

DOCA(မွန်)