ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့မှ စားသုံးသူရေးရာဦးစီဌာနမှ ဝန်ထမ်းများသည် ပေါင်းတည်မြို့ သဖန်းပင်ဆိပ်အုပ်စု သပြေကုန်းရွာ အခြေခံပညာမူလတန်းကျောင်း၌ (၆-၁၂-၂၀၂၄)ရက် နံနက် (၁၀:၀၀)နာရီအချိန်တွင် မိတ်ဖက်ဌာနဖြစ်သော မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများကို စားသုံးသူရေးရာနှင့် ပတ်သက်သော အကြောင်းအရာများကို အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့သွားရောက် အသိပညာပေးရာတွင် အစားအသောက်များကို ကျောင်းသား/ ကျောင်းသူများအနေဖြင့် ဝယ်ယူစားသောက်ရာတွင် ရွေးချယ်ဝယ်ယူစားသောက်တတ်စေရန်၊ အရောင်တောက်တောက်နှင့် အထူးအဆန်း သဘာဝဆိုးဆေးမဟုတ်သော အစားအစာများကို ဝယ်ယူမစားသုံးသင့်ဘဲ အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များကိုသာ ဝယ်ယူစားသုံးသင့်ကြောင်း၊ ဝယ်ယူစားသောက်ရာတွင်လည်း ပစ္စည်း၏အရည်အသွေးနှင့် ပါဝင်ပစ္စည်း၊ ထုတ်လုပ်ရက်စွဲ၊ သက်တမ်းကုန်ဆုံးမည့်ရက်စွဲတို့ကိုကြည့်ရှု့၍ ဝယ်ယူစားသောက်သင့်ကြောင်း စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈) ပုဒ်မ (၄၁)ပါအကြောင်းအရာများကို ကျောင်းသား/ ကျောင်းသူများကို အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)