ကြို့ပင်ကောက်မြို့အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းများဖြင့်ရောင်းချပေးခြင်း

Powered by Drupal

               ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများ၏ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥနှင့် အသားများအား ကုန်ဈေးနှုန်းတည်ငြိမ်ရေး၊ အဖွဲ့ကြီးကြပ်မှုဖြင့် ဒီဇင်ဘာလ(၁)ရက်နေ့ နံနက်(၀၈:၀၀)နာရီအချိန်မှစတင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးရှေ့၌ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့သည်။ ထိုသို့ ဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်ကျော်ဇေယျမှကြီးကြပ်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မွေးကုဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ဦးဆောင်သောအဖွဲ့သည် ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သူများနှင့် ပူးပေါင်း၍ အခြေခံစားကုန်များကုန် ဈေးနှုန်းကြီးမြင့်မှုမရှိစေရေးအတွက် ဆန်၊ ဆီ၊ အသားနှင့် ကြက်ဥများကိုသက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ရာ ဒေသခံပြည်သူများမှဆန်နှင့် ကြက်ဥများကိုဝယ်ယူမှုပိုများကြောင်းသိရှိရပါသည်။ ရောင်းချပေးမှုတွင် တစ်နေ့လျှင်ကြက်ဥအလုံး(၁၁၀၀)၊ ဆီ(၅၀)ပိဿာ၊ အမဲသား(၁၀)ပိဿာ၊ ဝက် သား(၅)ပိဿာ၊ဆန်(၃)တင်းရောင်းချပေးနိုင်ကြောင်းသိရှိရပြီး ထိုသို့ရောင်းချပေးခြင်းကိုအပတ်စဉ်  တနင်္ဂနွေနေ့တိုင်းရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)