လက်ပံတန်းမြို့တွင် ဆန်၊ ဆီ၊ ကြက်ဥများသက်သာဈေးနှုန်းဖြင့်ရောင်းချခြင်း

Powered by Drupal

             ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများ၏ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥများကို ကုန်ဈေးနှုန်းတည်ငြိမ်ရေးအဖွဲ့ကြီးကြပ်မှုဖြင့် ဒီဇင်ဘာလ(၆)ရက်နေ့ နံနက်(၀၈:၀၀)နာရီအချိန်မှစတင်၍ နေ့စဉ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံးရှေ့၌ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချ ပေးခဲ့ပါသည်။

           ထိုသို့ဆောင်ရွက်ရာတွင် သာယာဝတီခရိုင်စားသုံးသူရေးရာဦးစီးဌာန ပြည်တွင်းဌာနခွဲတာဝန်ခံနှင့် ခရိုင်ရုံးဝန်ထမ်းများ၊ လက်ပံတန်းမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမြို့နယ်တာဝန်ခံတို့သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးကြပ်မှု့ဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မွေးကုဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ဦးဆောင်သောအဖွဲ့သည်ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သူများနှင့် ပူးပေါင်းကာ အခြေခံစားကုန်များ ကုန်ဈေးနှုန်းကြီးမြင့်မှုမရှိစေရေးအတွက် ဆန်၊ ဆီ၊ ကြက်ဥများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)