တိုက်ကြီးမြို့နယ်အတွင်းရှိ ဓါတ်မြေဩဇာဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

               တိုက်ကြီးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ခွဲတာဝန်ခံသည် ၉.၁၂.၂၀၂၄ ရက်နေ့ ညနေ(၁၅:၀၀)နာရီအချိန်တွင် တိုက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သော မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်သမဝါယမဦးစီးဌာန၊ မြို့နယ်လယ်ယာ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့အဖွဲ့ အဖြစ်ပါဝင်သောအဖွဲ့ဖြင့် ပူးပေါင်းပါဝင်သော တိုက်ကြီးမြို့ပေါ်ရှိ ဓါတ်မြေဩဇာနှင့်ပိုးသတ်ဆေး ရောင်းချသောဆိုင်များသို့ကွင်းဆင်း၍ ဓါတ်မြေဩဇာများ သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချစေရေး၊ သွင်းအားစုများသိုလှောင်ပြီး ဈေးကစားမှုမရှိစေရေး၊ တရားမဝင်ဓါတ်မြေဩဇာများ၊ ပိုးသတ်ဆေးများရောင်းချမှုမရှိစေရေး ဆောင်ရွက်ခဲ့ပါသည်။ ယူရီးယား ဓါတ်မြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီအနေဖြင့် ဓါတ်မြေဩဇာ ရည်ညွှန်းဈေးနှုန်းများကို ထုတ်ပြန်ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဆောင်းသီးနှံစီမံကိန်းအတွက် ဓါတ်မြေဩဇာများအား ရန်ကုန်အထိုင်ဈေးနှုန်းအဖြစ် ယူရီးယား(အလုံးကြီး) (၅၀)ကီလိုဂရမ် တစ်အိတ်လျှင် (၉၇၀၀၀)ကျပ်၊ Rock Pbosphate (၅၀)ကီလိုဂရမ် တစ်အိတ်လျှင် (၁၂၄၀၀၀)ကျပ်၊ Di Ammonium Phosphate (၅၀)ကီလိုဂရမ် တစ်အိတ်လျှင် (၁၃၇၀၀၀)ကျပ်ဖြင့် ရောင်းချရန် သတ်မှတ်ထားကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)