
တိုက်ကြီးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ခွဲတာဝန်ခံသည် ၉.၁၂.၂၀၂၄ ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် တိုက်ကြီးမြို့မဈေးနှင့်တိုက်ကြီးမြို့နယ်တွင် စားအုန်းဆီ ဖြန့်ဖြူးခွင့်ရ ကိုယ်စားလှယ်များသို့ ကွင်းဆင်းကာ စားအုန်းဆီလက်လီ/ လက်ကားရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချရန်နှင့် မြို့နယ်အတွက်ရရှိသော စားအုန်းဆီခွဲတမ်းအား ပြည်သူများသို့ အပြည့်အဝပြန်လည်ရောင်းချမှုရှိစေရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ ကုန်ဈေးနှုန်းတည်ငြိမ်မှုရှိစေရေးတို့အတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။ စားအုန်းဆီ တစ်ပိဿာ ရည်ညွှန်းဈေးနှုန်းမှာ ဒီဇင်ဘာလ (၉)ရက်နေ့မှ (၁၄)ရက်နေ့အထိ (၇၂၅၅)ဈေးနှုန်း ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)