မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးတွင် ခရမ်းချဉ်သီးကို ဒေသတွင်း ကျေးရွာများဖြစ်သော ပန်းတော်ပြင်၊ ဥယျာဉ်၊ မယ်ဇလီတောနှင့် ရွာတော် စသည့်ကျေးရွာများအပြင် မကွေးမြို့၊ မင်းဘူးမြို့၊ တောင်တွင်းကြီးမြို့၊ သရက်မြို့နှင့် ရှမ်းပြည်နယ်၊ အောင်ပန်းမြို့၊ တောင်ကြီးမြို့တို့မှ မှာယူရောင်းချကြောင်း သိရသည်။
၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(ပထမပတ်)တွင် ခရမ်းချဉ်သီးအလုံးကြီး(၁)ပိဿာလျှင် ကျပ်(၇၅၀၀)၊ အလုံးလတ်(၁)ပိဿာလျှင် ကျပ်(၇၀၀၀)ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိပြီး ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက အလုံးကြီး(၁)ပိဿာလျှင် ကျပ်(၁၀၀၀)၊ အလုံးလတ်(၁)ပိဿာလျှင် ကျပ်(၅၀၀)ဈေးနှုန်း များ ကျဆင်းလျက်ရှိပြီး ယခုအချိန်တွင် ဒေသတွင်းခရမ်းချဉ်သီးစိုက်ခင်းတချို့မှာ ထွက်ရှိလာပြီဖြစ်၍ ခရမ်းချဉ်သီးဈေးနှုန်းမှာ အနည်းငယ်ကျဆင်းလာရခြင်းဖြစ်ကြောင်း သိရှိရပါသည်။
DOCA(မကွေး)