မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ဟင်းသီးဟင်းရွက်များကို ပန်းတော်ပြင်၊ ဥယျာဉ်၊ မယ်ဇလီတော၊ ညောင်ပင်သာ၊ ရွာတော်၊ မြင်ကွန်း၊ မြေနုကျွန်းစသည့် ကျေးရွာများမှ လာရောက်ရောင်းချကြသလို မကွေးမြို့၊ မင်းဘူးမြို့၊ သရက်မြို့နှင့် တောင်တွင်း ကြီးမြို့တို့မှလည်း မှာယူရောင်းချကြကြောင်း သိရသည်။
၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(ပထမပတ်)တွင် မုန်လာဥဖြူ(၃)ဥတစ်စီးလျှင် ကျပ်(၃၀၀-၄၀၀)ဖြင့် ရောင်းချလျက်ရှိပြီး ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်ပါက ကျပ်(၄၀၀)ဈေးနှုန်းကျဆင်းလာကြောင်း၊ မုန်လာဥ ဖြူစိုက်ပျိုးရာ မြေနုကျွန်းကျေးရွာ၌ မုန်လာဥများလှိုင်လှိုင်ထွက်ရှိလျက်ရှိသောကြောင့် ဈေးနှုန်းမှာ ကျဆင်းလာရခြင်းဖြစ်ကြောင်း သိရှိရပါသည်။
DOCA(မကွေး)