“ ကွမ်းခြံကုန်းမြို့နယ်တွင် စားသုံးသူအသိပညာပေးဟောပြောခြင်း”

Powered by Drupal

           ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင် ကွမ်းခြံကုန်းမြို့နယ်တွင် ဒီဇင်ဘာလ(၆)ရက်နေ့၊ နေ့လယ်(၁၃း၀၀)နာရီအချိန်တွင် အ.ထ.က (၂)ကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

               လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးရဲတင့်မှ လူငယ်နှင့်စာရိတ္တ၊ ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းဆွေနွယ်ဦးမှ လူငယ်နှင့်စာပေ၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးမှ စားသုံးသူကာကွယ်ရေး ဥပဒေမှစားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ အွန်လိုင်းစနစ်ရောင်းချခြင်းလုပ်ငန်းအဓိပ္ပာယ်၊ အွန်လိုင်းမှဈေးဝယ်ယူခြင်းအတွက် အားသာချက်၊ အားနည်းချက်၊ လိမ်လည်မှုပုံစံ(၂)မျိုး၊ အွန်လိုင်းရောင်းချမှု လုပ်ငန်းများနှင့်စပ်လျဉ်း၍ စီစဉ်သင့်သည့်အချက်များ၊ မှတ်ပုံတင်ထားရှိသည့် အွန်လိုင်းဆိုင်မှဈေးဝယ်ယူခြင်းဖြင့် စားသုံးသူများနစ်နာဆုံးရှုံးမှုများကို တိုင်ကြားနိုင်သည့်နည်းလမ်းများကို အသိပညာပေးဆွေးနွေးခဲ့ကြပြီး ၎င်းအသိပညာပေးဟောပြောပွဲသို့ ကျောင်းသား/ ကျောင်းသူ၊ ဆရာ/ ဆရာမ စုစုပေါင်း(၁၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)