“ ကွမ်းခြံကုန်းမြို့နယ်တွင် အသင့်ဖျော်ကော်ဖီနှင့်လက်ဖက်ရည်ထုပ်အမျိုးမျိုးတို့အား ကွင်းဆင်းစစ်ဆေးခြင်း”

Powered by Drupal

           ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင် ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးအနေဖြင့် စားသုံးသူအသိပညာပေးလုပ်ငန်းများ၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ (၂၀၂၄)ခုနှစ်၊ ဒီဇင်ဘာလအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးရမည့် အသင့်ဖျော်ကော်ဖီနှင့်လက်ဖက်ရည်ထုပ်အမျိုးမျိုးတို့အား ဒီဇင်ဘာလ(၆)ရက်နေ့၊ နံနက် (၀၉း၃၀) အချိန်တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

            ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကွမ်းခြံကုန်းမြို့နယ် မြို့မဈေးအတွင်းတွင်ရောင်းချနေသော ဦးကျော်ကျော်ဟိန်းကုန်စုံဆိုင်၊ မခိုင်ကုန်မျိုးစုံရောင်းဝယ်ရေးနှင့် ဒေါ်လဲ့လဲ့သင်း ကုန်စုံဆိုင်တို့တွင် PREMIER အမှတ်တံဆိပ် အသင့်ဖျော်ကော်ဖီ၊ Sunday အမှတ်တံဆိပ် အသင့်ဖျော်ကော်ဖီမစ်၊ BEST အသင့်ဖျော်လက်ဖက်ရည်၊ HAPPY အမှတ်တံဆိပ်အသင့်ဖျော်လက်ဖက်ရည်၊ နမ့်ဆန်အမှတ်တံဆိပ် အသင့်ဖျော်လက်ဖက်ရည်၊ Lovita အမှတ်တံဆိပ် အသင့်ဖျော်လက်ဖက်ရည်ထုပ်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ကြသည်။

          ထို့နောက် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးမှ စားသောက်ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိပြီး သက်ဆိုင်ရာဌာန၏ ထောက်ခံချက်ပါရှိသော ကုန်စည်များကိုရောင်းချသွားရန်နှင့် သို့မှသာ စားသုံးသူပြည်သူများဘေးကင်းလုံခြုံမှုရှိမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)