“ ကော့မှူးမြို့နယ် ဈေးကွက်အတွင်းရှိ ဆန်ဆိုင်များတွင် ဆန်ဖြန့်ဖြူးရောင်းချနေမှု အခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

             ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၌ ဈေးကွက်အတွင်းရှိ ဆန်ဆိုင်များတွင် ဆန်ဖြန့်ဖြူးရောင်းချနေမှုအခြေအနေအား ဒီဇင်ဘာလ(၅)ရက်နေ့၊ နေ့လယ်(၁၀း၃၀) နာရီအချိန်တွင် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်နှင့် ရပ်ကွက်များရှိ ဆန်ဆိုင်များသို့ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးတာဝန်ခံ ဦးအေးသွင်နှင့်ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းတို့သည် စည်ပင်လမ်း၊ ပြည်တော်သာရပ်ကွက်ရှိ ဦးထွန်လွင်ဆန်ဆိုင်၊ သခင်ကိုယ်တော်မှိုင်းလမ်း၊ မကျီးကန်ရပ်ကွက်ရှိ ဒေါ်မော်မော်ဆန်ဆိုင်နှင့် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ ကုန်ပဒေသာ ဆိုင်အမှတ် (၁)၊ ဦးမြင့်ထူးဆန်ဆိုင်၊ အပြင်တန်း ဆိုင်အမှတ် (၂/၃) ဒေါ်သန္ဒာဟန်ဆန်ဆိုင် ဆန်ဆိုင်ပိုင်ရှင်စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ယခုအချိန်သည် မိုးစပါးများ စတင်ရိတ်သိမ်းခြွေလှေ့ပြီး ဆန်သစ်များ စတင်ပေါ်လာနေပြီဖြစ်သောကြောင့် မိမိတို့အနေဖြင့် ဆန်ဈေးနှုန်းများ မတည်မငြိမ်ဖြစ်စေရေန် ရည်ရွယ်ချက်ရှိရှိဖြင့် သိုလှောင်ထားခြင်းများမပြုလုပ်ကြရန် ဆန်အမျိုးအစားအလိုက် သတ်မှတ်ရည်ညွှန်းဈေးများကိုလည်း သက်ဆိုင်ရာအဖွဲ့အစည်းများမှ လစဉ်ထုတ်ပေးလျက်ရှိရာ မိမိတို့အနေဖြင့်လည်း သတ်မှတ်ရည်ညွှန်းဈေးထက်ကျော်လွန်ပြီး ဖြန့်ဖြူးရောင်းချခြင်းများမပြုလုပ်ကြရန် အသိပညာပေးဆွေနွေးပြောကြားခဲ့ပြီး ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)