သတ်မှတ်ဈေးနှုန်းများဖြင့် ရောင်းချနိုင်ရေး မြို့နယ်များသို့ ကွင်းဆင်းဆောင်ရွက်

Powered by Drupal

               မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်သည် ပြည်တွင်းဆန်စပါးဈေးကွက်တည်ငြိမ်စေပြီး စိုက်ပျိုးတောင်သူများ၊ ဆန်စက်လုပ်ငန်းရှင်များ ဖြန့်ဖြူးရောင်းချသူများနှင့် စားသုံးပြည်သူများအတွက် သင့်တင့်မျှတသောဆန်ဈေးနှုန်းများ ဖြစ်ပေါ်စေရန်ရည်ရွယ်၍ ပြည်တွင်း၌ သတ်မှတ်ရည်ညွှန်းဈေးနှုန်းများဖြင့် ရောင်းချနိုင်ရေး လစဉ်ထုတ်ပြန်ပေးလျက်ရှိရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စာသုံးသူရေးရာဦးစီးဌာန၏လမ်းညွှန်မှုအရ ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ ဈေးအရောင်းစင်တာများနှင့် ဒေသဈေးကွက်များတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည့် သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်းရောင်းချနိုင်ရေး  စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမြသန်းနိုင် (လက်ထောက်ကြီးကြပ် ရေးမှူး) နှင့်တာဝန်ရှိဝန်ထမ်းများက ၇.၁၂.၂၀၂၄ ရက်နေ့တွင်  မြောက်ဥက္ကလာပမြို့နယ်၊ (10) ရပ်ကွက်အတွင်းရှိ ဆန်ဆိုင် (၃)ဆိုင်တို့အား ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)