ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒေသဆိုင်ရာ MSME အေဂျင်စီများအနေဖြင့် နိုင်ငံတော်မှ မတည်ရင်းနှီးထားသည့် ငွေကြေးအရင်းအနှီးကို Quality Loan အဖြစ်အမှန်တ ကယ်လိုအပ်သည့် MSME လုပ်ငန်းရှင်များထံသို့ အပြည့်အဝရရှိစေရေးနှင့် အကျိုးထိရောက်စွာ အသုံးပြူနိုင်ရေး စီမံကြပ်မတ်ဆောင်ရွက်လျက်ရှိရာ အမှတ်(၃၈၃)၊ ကျိုက္ကဆံလမ်း၊ တာမွေကြီး(ခ)ရပ်ကွက်၊ တာမွေမြို့နယ်ရှိ Golden Gate စားသောက်ကုန်လုပ်ငန်းအတွက် MSME လျှောက်ထားသည့် လုပ်ငန်းရှင်အား ၁၀.၁၂.၂၀၂၄ ရက်နေ့တွင် ချေးငွေပံပိုးပေးနိုင်ရေး ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်တွင်းအခွန်၊ အလုပ်သမားဝန်ကြီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်၊ ရဲတပ်ဖွဲ့၊ စက်မှုကြီး ကြပ်နှင့်စစ်ဆေးရေးဦးစီးဌာန စသည့်သက်ဆိုင်ရာဌာနများပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်အေးအေးနွယ်(ဦးစီးအရာရှိ)သည် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၀)ရှိ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်းကို အသိပေးရှင်းလင်းပြောပြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)