ကန့်ဘလူခရိုင်သည် စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုပါဆောင်ရွက်လျက်ရှိရာ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာတွင် မိသားစုစားဝတ်နေရေး အပိုဝင်ငွေရရှိရန်အတွက် ကိုက်လန်ပင်ကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိကြောင်း သိရပါသည်။
ကိုက်လန်ပင်စိုက်ပျိုးရန် မျိုးစေ့ကိုအရင်ပျိုးထားပြီး ပျိုးပင်သက်(၁)လအကြာတွင် စတင်စိုက်ပျိုးနိုင်ပါသည်။ ဧက (၀.၂၅) ကို တစ်ကျင်းလျှင် တစ်ပင်ခန့်၊ အရေအတွက် အားဖြင့် (၅၀၀၀)ခန့် စိုက်ပျိုးနိုင်ကြောင်း၊ ထွန်ယက်မြေပြုပြင်ခြင်း၊ စိုက်ပျိုးခြင်း၊ ရေပေးခြင်း၊ ပေါင်းမြက်ရှင်းခြင်း၊ သွင်းအားစုထည့်ခြင်းအတွက် စုစုပေါင်းကုန်ကျစရိတ်မှာကျပ်(၂)သိန်းခန့် ကုန်ကျခဲ့ပြီး ကိုက်လန်ပင်များကို (၅)ရက်လျှင် တစ်ကြိမ်ရေပေးရပါသည်။
ကိုက်လန်ပင်ကို တန်ဆောင်မုန်းလဆန်းတွင် စတင်စိုက်ပျိုးကာ ယခုနတ်တော်/ ပြာသိုလ၌ စတင်ခူးဆွတ်ရောင်းချရပြီး ကိုက်လန်ဖူးများကို ခေါင်ညွှန့်စခူးသည့်အချိန်တွင် တစ်ရက်ကို (၅၀)စီးခန့်သာ ဆွတ်ခူးရရှိပြီး နှစ်ပတ်အကြာတွင် နောက်အတက်ပေါက်များ ခူးဆွတ်ချိန်တွင် တစ်ရက်ကို အစီး(၃၀၀/၄၀၀)ခန့် ခူးဆွတ်၍ တစ်စီးကိုပေါ်ဦးပေါ်ဖျားတွင်(၃၅၀/၄၀၀)ကျပ် ဈေးနှုန်းရောင်းရပြီး ယခုဒီဇင်ဘာလ လှိုင်လှိုင်ပေါချိန်တွင် ကိုက်လန်တစ်စည်းကို (၃၀၀)ကျပ် ဈေးနှုန်းဖြင့် နေ့စဉ်ခူးဆွတ်ရောင်းချလျက်ရှိပြီး ခူးဆွတ်ရသည့် အချိန်ကာလ မှာ(၂)လကျော် ကြာမြင့်စွာစွတ်ခူးရောင်းချရသည့် စားဖိုဆောင်သီးနှံဖြစ်သည့်အတွက် မြေအောက်ရေတင်စနစ်ဖြင့် စိုက်ပျိုးလာကြကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)