![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/321_5.jpg?itok=NKHzb91e)
နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် (၁၀.၁၂.၂၀၂၄)ရက်နေ့တွင် ပေါင်းတည်မြို့နယ်၊ ပျဉ်းပင်ကန်ရပ်ကွက်ရှိ သံပုရာခြံပိုင်ရှင်နှင့်တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ထိုသို့မေးမြန်းရာတွင် သံပုရာပင်ကို မိုးဦးကျစ မေလကုန်ခါနီးတွင် စတင်စိုက်ပျိုးရပြီး တစ်ပေပတ်လည်ကျင်းများတူးပြီး မြေဆွေးများထည့်၍ ကိုင်းကူးပင်များအားမှာယူကာ စိုက်ပျိုးကြောင်း သံပုရာပင်စတင်စိုက်ပျိုးချိန်တွင် တစ်ပင်ကုန်ကျစရိတ် အနေဖြင့် (၅၀၀၀)ကျပ် ကုန်ကျပါကြောင်း စိုက်ပျိုးပြီး တစ်နှစ်ခန့်အကြာတွင် စတင်အသီးများသီးပြီး နွေရာသီတွင် အရွယ်အစားကိုလိုက်၍ သံပုရာသီတစ်လုံးလျှင် ကျပ်(၂၅၀)မှ (၃၅၀)နှုန်း ရောင်းချရပြီး မိုးရာသီတွင် အရွယ်အစားကိုလိုက်၍ သံပုရာသီတစ်လုံးလျှင် ကျပ်(၁၀၀)မှ (၁၅၀)နှုန်း ရောင်းချရကြောင်း သိရပါသည်။ သံပုရာပင်သည် နှစ်ရှည်ပင်အမျိုးအစားဖြစ်၍ ဝင်ငွေလည်းရ၊ ဆေးဘက်ဝင်သည့် အပင်တစ်မျိုးဖြစ်သောကြောင့် လူတိုင်းစိုက်ပျိုးသင့်ပါကြောင်း ရေးသားလိုက်ရပါသည်။
DOCA(ပဲခူး)