ညောင်ဦးမြို့ရှိ ပုန်းရည်ကြီးလုပ်ငန်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

            ညောင်ဦးမြို့ရှိ ပုန်းရည်ကြီးလုပ်ငန်းများနှင့် ပုဂံလက်ဆောင်ပစ္စည်းဆိုင်များအား (၉.၁၂. ၂၀၂၄)  ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် သက်ဆိုင်ရာဌာနများပူးပေါင်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။

          အဆိုပါဈေးကွက်စောင့်ကြည့်စစ်ဆေးမှုတွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့်ဆေးဝါကွပ်ကဲရေးဦးစီးဌာန (FDA)၊ ခရိုင်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနတို့ပူးပေါင်း၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်၊ ထုတ်လုပ်သည့် ကုန်ကြမ်းပစ္စည်းများမှစ၍ အရည်အသွေးကောင်းမွန်ပြီး သန့်ရှင်းသပ်ရပ်စွာ သုံးစွဲထုတ်လုပ်ကြရန်၊ ထုတ်လုပ်သည့်လုပ်ငန်းစဉ်တစ်လျှောက်တွင် အသုံးပြုရသည့် ပစ္စည်းများသန့်ရှင်းစင်ကြယ်ရန်နှင့် ထုတ်လုပ်မှုလုပ်ငန်းခွင်ရှိ အစားအစာများကို ထိတွေ့ပြုလုပ်သူ လူပုဂ္ဂိုလ်များမှာလည်း သန့်ရှင်းသပ်ရပ်ပြီး၊ ကျန်းမာရေးကောင်းမွန်သူများနှင့်သာလုပ်ကိုင်ဆောင်ရွက်ရန်၊ MSMEလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက် သက်ဆိုင်ရာဌာနများမှ ကူညီလုပ်ဆောင်လျက်ရှိရာ လုပ်ငန်းရှင်များအနေဖြင့် ဌာနများနှင့်ပူးပေါင်းဆောင်ရွက်ကြရန် သက်ဆိုင်ရာဌာနများမှ လုပ်ငန်းရှင်များအားရှင်းလင်း၍ စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူး ဦးသန်းစိုး (လက်ထောက်ညွှန်ကြားရေးမှူး)မှ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားများဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီဖော်ပြရမည့်အချက်များ၊ မိမိထုတ်လုပ်သော ကုန်စည်နှင့်ပတ်သက်၍ စားသုံးသူမှတစ်စုံတစ်ခု ထိခိုက်နစ်နာဆုံးရှုံးမှုများရှိလာပြီး အရေးဆိုတိုင်ကြားလာသည့်အခါ ဥပဒေနှင့်အညီ စစ်ဆေးအရေးယူမှုများ ဆောင်ရွက်ခံရမည်ဖြစ်ပါကြောင်းနှင့် ပုန်းရည်ကြီးလုပ်ငန်းများနှင့် သက်ဆိုင်သည့် ဖော်ပြပါဝင် ရမည့် ကုန်အညွှန်းအမှတ်အသားများ၊ သိရှိလိုသည့်အချက်များ၊ လိုအပ်ချက်များအား ရှင်းလင်းဆွေးနွေးပြီး လုပ်ငန်းခွင်များနှင့် အရောင်းဆိုင်များအားကြည့်ရှု့၍ ဈေးကွက်စောင့်ကြည့်စစ် ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)