“ ဂေါ်ရခါးသီးအညွှန့်၊ အသီးစျေးနှုန်းစျေးကွက်”

Powered by Drupal

               ဂေါ်ရခါးသီးအပင်သည် နှစ်ရှည်သီးနှံမျိုးဖြစ်ပြီး အကြမ်းခံသောအပင်အမျိုးအစားဖြစ်ပါသည်။ မြေအမျိုးအစားအမျိုးမျိုးတွင် စိုက်ပျိုးနိုင်ပြီး ‌ဂေါ်ရခါးအညွှန့်ကို ချက်ပြုတ်စားသောက်နိုင်သလို အသီးကိုလည်းပုံစံအမျိုးမျိုးဖြင့် ချက်ပြုတ်စားသောက်နိုင်ပါသည်။ ဂေါ်ရခါးအသီးကို ပျိုးထောင်စိုက်ပျိုးနိုင်သလို အမြစ်အုံကိုသားခွဲယူ၍လည်း စိုက်ပျိုးနိုင်ပါသည်။အသီးကိုမြေပေါ်တွင် အလျားလိုက်ချ၍ အစေ့ကိုအပေါ်ဘက်တွင်ထားပြီး အသီးတစ်ဝက်ဖော်၍ စိုက်ပျိုးရပါသည်။ အသီးအပင်ပေါက်စဉ်ရေမလောင်းရပါ။ အစေ့အပင်ပေါက်လာပြီးနောက် ရေကိုသင့်တင့်စွာ လောင်းပေးရပါသည်။ မြေသြဇာအဖြစ်ယူရီယား၊ တီစူပါ၊ ပိုတက်ရှ် အစရှိသည့်မြေသြဇာများကို လိုအပ်သလို  အသုံးပြုနိုင်ပါသည်။ အသီးကြီးထွားမှုမြန်ပါက (၁၅-၁၆)ရက်ကြာလျှင် ခူးဆွတ်နိုင်ပါသည်။ ယခုအချိန်တွင်ပြင်ဦးလွင်မြို့နယ်အနီးစခန်း၊‌‌ အောင်ချမ်းသာ ၊ ပြင်စာကျေးရွာများမှထွက်ရှိသာ ဂေါ်ရခါးသီးနှင့် အညွှန့်များကို ပြင်ဦးလွင်နှင့်မန္တလေးမြို့များသို့တင်ပို့ ရောင်းချလျက်ရှိကြောင်း၊ ‌ဂေါ်ရခါးသီးစိုက်ပျိုးသည့် တောင်သူများနှင့်ဒေသထွက် ပစ္စည်းအမျိုးမျိုးရောင်းချသူများထံမှ သိရှိရပါသည်။ ဂေါ်ရခါးသီးစျေးအနေဖြင့်တစ်လုံးလျှင်လက်လီစျေး (၅၀၀-၆၀၀)ကျပ်အထိရောင်းချပြီး ဂေါ်ရခါးညွှန့်(၅၀)ကျပ်သား တစ်စီးလျှင်(၃၀၀၀)ကျပ်နှင့် နှစ်စီးလျှင် (၅၀၀၀)ကျပ် ရောင်းချလျက် ရှိကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)