“ရက်(၁၀၀)ခိုင်အောင်သပြေပန်းများစျေးကောင်းရရှိ၍စိုက်ပျိုးမှုပိုမိုများပြား”

Powered by Drupal

           မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်တွင် သီးနှံမျိူးစုံအောင်မြင်ဖြစ်ထွန်းပြီး စားဖိုဆောင်သီးနှံများအပြင် စပါး၊ ပဲ၊ ပြောင်း၊ နှမ်းစသည် သီးနှံများစိုက်ပျိုးသည့်အပြင် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများနှင့် ပန်းမာန်များကိုလည်းစိုက်ပျိုးကြပါသည်။ ၎င်းသီးနှံများအနက် ရာသီမရွေးစိုက်ပျိုးနိုင်ပြီး နေ့စဉ်မိသားစုအပိုဝင်ငွေများရရှိနိုင်သော စျေးကွက်ဝယ်လိုအားရှိသည့် အောင်သပြေပန်းငုတ်များကို ကျောက်ဆည်မြို့နယ်၊ သံရွာကျေးရွာအုပ်စု ညွှန့်ပင်ကျေးရွာတွင် (အောင်သပြေ မိသားစုခြံ)တွင် စိုက်ပျိုးထားသော အောင်သပြေငုတ်စိုက်ပျိုးထားရှိမှု အားကွင်းဆင်းလေ့လာခဲ့ပါသည်။ သပြေပင်စိုက်ပျိုးရန်အတွက် သပြေပင်မျိုးစေ့များအား တွံတေး၊ ခရမ်း၊ သုံးခွတို့မှဝယ်ယူ၍ စိုက်ပျိုးကြောင်း၊ မျိုးစေ့(၁)ပြည်စျေးနှုန်းမှာ(၂၀၀၀၀-၂၂၀၀၀၀)ကျပ်ခန့်ရှိပြီး မျိုးစေ့တစ်ပြည်တွင် အစေ့သန်ပါက အစေ့ပေါင်း(၂၀၀၀)အထိ ပါရှိပြီး အစေ့သေးပါက (၂၀၀၀)အထက်ပါရှိကြောင်း တစ်ဧကစိုက်ပျိုးမှုအတွက် မျိုးစေ့ပြည်(၈၀)ခန့် ကုန်ကျကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၅၀) သိန်းမှ(၆၀)သိန်းကျပ်ခန့်ကုန်ကျကြောင်း စိုက်ပျိုးရာတွင် ဘောင်စိုက်စနစ်ဖြင့်စိုက်ပျိုးပြီး တစ်ဧကအပင်ပေါင်း(၁)သိန်းခွဲအထိရှင်သန်ကြောင်း မြေပြုပြင်မှုနှင့် ရေ၊ မြေကောင်းမွန်ပါက စိုက်ပျိုးပြီး (၁)လခွဲသားဝန်းကျင်တွင် အပင်များကိုဖြတ် တောက်ပြီးငုတ်ချန်ပေးရကြောင်း၊ ငုတ်ချန်ပြီးတစ်နှစ်ကြာလျှင် ရောင်းတန်းဝင်ပန်းများရရှိပါသည်။ သပြေပန်းများပိုးမကိုက်၊ အညွှန့်များလှ‌အောင် အရွက်မာအောင် မရောင်းခင်တစ်လအလိုတွင် ဆေးဖြန်းပေးရကြောင်း(၂)နှစ်သား အောင်သပြေပန်းတစ်ငုတ်လျှင် အရွယ်အစာအပေါ်မူတည်၍ တစ်ပင်စျေးနှုန်း(၅၀၀)ကျပ်မှ (၃၀၀)ကျပ် အထိရောင်းချရကြောင်း(၂)နှစ်သားတစ်ပင်လျှင်အရွယ်အစားပေါ်မူတည်၍ တစ်ပင်လျင် စျေးနှုန်း(၃၀၀၀)ကျပ်မှ (၅၀၀၀)ကျပ်အထိရောင်းချရကြောင်း လက်ကားစျေးအနေဖြင့် (၂၀)ရာခိုင်နှုန်းလျော့၍ ရောင်းချပေးကြောင်း အောင်သပြေပန်းငုတ်များ အရောင်းအဝယ် သွက်သောကြောင့်စိုက်ပျိုးသောတောင်သူများမှာသွင်းအားစုများပိုမိုထည့်သွင်း၍ ငုတ်များတုတ် လာပါက ‌ရောင်းချကြကြောင်း၊ သပြေငုတ်များဖောက်သည်ပေးရာတွင် တစ်လံ(၁၀) ပေအတန်း ကို (၂၆၀၀၀-၂၈၀၀၀)ကျပ်စျေးရှိကြောင်း၊ တစ်လံကို အပင်(၇၀)ပါရှိကြောင်း၊ အောင်သပြေပန်း ငုတ်များကို အနီးပတ်ဝန်းကျင်ရှိကျေးရွာများမှ လာရောက်ဝယ်ယူသူများရှိသလို နယ်ဝေးမှမှာ ယူပါကလည်း သေချာစွာထုတ်ပိုး၍ ကားဂိတ်အရောက် ရန်ကုန်၊မကွေးနှင့်အခြားမြို့ များသို့ တင်ပို့ရောင်းချလျှက်ရှိကြောင်း ၊အောင်သပြေငုတ်စိုက်ပျိုးရာတွင် ယခင်က‌ငွေအလုံးအရင်း မရှိသော်လည်း ယခုအခါ အော်ဒါအမှာများ၍ ငွေအလုံးအရင်းရရှိကြောင်း ၊ အောင်သပြေမိသားစု ခြံတွင်ကိုယ်ပိုင်(၁၀)ဧကစိုက်ပျိုးထားရှိပြီးအခြားစိုက်ပျိုးထားသောသူများထံမှလည်းဖောက်သည် ပြန်လည်ယူ၍အမြို့မြို့အနယ်နယ်သို့တင်ပို့ရောင်းချလျှက်ရှိကြောင်းစိုက်ပျိုးစရိတ်များအပါအဝင် တစ်ဧကကိုသိန်း(၁၈၀)အထိရရှိကြောင်းစိုက်ပျိုးစရိတ်နှုတ်ပြီးပါကသိန်း(၁၀၀)ကျပ်မြတ်ကြောင်း ဝယ်လိုအားရှိသောကြောင့် စိုက်ပျိုးမှုများပိုမိုများပြားလာကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)