“ခရမ်းသီးစျေးနှုန်းစျေးကွက်”

Powered by Drupal

               မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းတွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ကုန်စိမ်းသီးနှံတစ်မျိုးဖြစ်သော ခရမ်းသီးသီးနှံကိုလည်း ရာသီမရွေးစိုက်ပျိုးကြပြီး တစ်နှစ်ပတ် လုံးစိုက်ပျိုးကြပါသည်။ ကျောက်ဆည်မြို့နယ်အတွင်း အင်ရောင်း၊ ကျောင်းကုန်းနှင့် ငါးမြွေကုန်း ကျေးရွာများတွင် အလုံးသေး(မြုပ်)ခရမ်းနှင့် (555)ခရမ်းမျိုး(အလုံးကြီး)ကိုအများဆုံးစိုက်ပျိုးကြပါသည်။ စတင်စိုက်ပျိုးရာတွင် မျိုးစေ့ကိုပျိုးထောင်ပြီး တစ်လခွဲသားအရွယ်တွင် စတင်စိုက်ပျိုးရကြောင်း၊ နှစ်လခွဲကျော်တွင်အသီးများ စတင်ခူးဆွတ်နိုင်ပြီး(၅)ရက်ခြားတစ်ကြိမ်ခူးဆွတ်ရကြောင်း၊ စတင်ခူးဆွတ်သည်မှ တစ်ပတ်ထက်တစ်ပတ်အထွက်နှုန်းများ ပိုမိုလာကြောင်း၊ (၁)ဧကအထွက်နှုန်းအနေဖြင့် အလုံးသေး(မြုပ်)ခရမ်းမှာ ပိဿာ(၁၀၀-၁၅၀)ခန့်ထွက်ရှိပြီး အလုံးကြီးမျိုး(555) မှ ပိဿာ(၁၅၀-၂၀၀)ခန့်အထိထွက်ရှိကြောင်း ၊သက်တမ်းအနေဖြင့် အနည်းဆုံး(၃)လကျော်(၄)လ‌ အထိခူးဆွတ်နိုင်ကြောင်း၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း(၁၅)သိန်းကျပ်ခန့်ကုန်ကျကြောင်း၊ ရောင်းဝယ်မှုအနေဖြင့် မြို့ပေါ်ရှိပွဲစားများမှ စိုက်ခင်းများအထိလာရောက်ဝယ်ယူကြကြောင်း၊ စျေးနှုန်းအနေဖြင့် ပွဲစားဖောက်သည်စျေးတစ်ပိဿာလျှင် အလုံးသေး(မြုပ်ခရမ်း)(၁၀၀၀/-)ကျပ်၊ အလုံးကြီးမျိုး(555)(၂၀၀၀/-)ကျပ်၊ လက်လီစျေးနှုန်းအနေဖြင့် (555)မျိုးမှာ တစ်ပိဿာလျှင် (၂၃၀၀/-)ကျပ်၊ အလုံးသေး(မြုပ်ခရမ်း)(၁၅၀၀/-)ကျပ် စျေးနှုန်းများဖြင့်ရောင်းဝယ်လျှက်ရှိပါသည်။ ခရမ်းသီးအလုံးကြီးမျိုးမှာ အရောင်းအဝယ်‌အေးကြောင်း၊ အလုံးသေး(မြုပ်ခရမ်း)မျိုးမှာ ထမင်းဆိုင်နှင့် ကုန်စိမ်းစျေးသည်များမှ ဖောက်သည်ယူသောကြောင့် စျေးနှုန်းကောင်းမွန်ကြောင်း ရွာများမှဝယ်ယူလာသောခရမ်းသီးများကို ပွဲစားများမှ ရန်ကုန်၊မန္တလေးမြို့များရှိ ကုန်စိမ်းဒိုင်များသို့ ဖြန့်ဖြူးရောင်းချကြောင်း၊ ကုန်စိမ်းသီးနှံဖြစ်သော‌ကြောင့် စျေးနှုန်းအတက်အကျရှိနိုင်ပါကြောင်း၊ တစ်ဧကအကျိုးအမြတ်အနေဖြင့်သိန်း(၃၀)ကျပ် ခန့်ရရှိနိုင်ပါကြောင်း ခရမ်းသီးစိုက်ပျိုးသူ တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

DOCA(မန္တလေး)