“စားသုံးသူအသိပညာပေးဟောပြောဆွေးနွေး”

Powered by Drupal

               စီးပွား‌‌‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူ‌ရေးရာဦးစီးဌာန၊ ကျောက်ဆည်ခရိုင်စီးမှူးရုံးသည် ဌာန၏မျှော်မှန်းချက်ဖြစ်သည့် “ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဖြင့်နိုင်ငံ့ဖွံ့ဖြိုးတိုးတက်စေရန်”ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိပါသည်။ ခရိုင်စားသုံးသူ‌ရေးရာဦးစီးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဒီဇင်ဘာ(၆)ရက်နေ့တွင် ကျောက်ဆည်မြို့နယ်၊ သာဂရ(န)ကျေးရွာ အခြေခံပညာအထက်တန်း‌ကျောင်းခွဲ၌ စားသုံးသူအသိပညာပေး ဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် ကျောင်းအုပ်ဆရာကြီးဦးမောင်မောင်မြင့် မှအဖွင့်အမှာစကားပြောကြာခဲ့ပြီး  ကျောက်ဆည်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာန ဦး‌ဇော်မင်းလတ် (ဦးစီးမှူး)မှ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ မှတ်ပုံတင်ရမည့်အကြောင်းအရာများ၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချလုပ်ငန်းများကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်သည့်အမိန့်ကို ၂၀၂၃ခုနှစ်၊ ဇူလိုင်လ(၂၁)ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမိန့်ကြောင်ငြာစာအမှတ်၅၀/၂၀၂၃အဖြစ်ထုတ်ပြန်ပြီးဖြစ်ကြောင်း၊ စားသုံးသူများနစ်နာဆုံးရှုံးမှုများမဖြစ်စေရန် ရှောင်ရန်၊ ဆောင်ရန်အချက်များအား အကျယ်တဝင့်ဆွေးနွေးခဲ့ကြောင်း၊ ဦးစိုးမင်းထွန်း(ဒု-ဦးစီးမှူး)မှ စားသုံးသူ၏အခွင့်အရေးများနှင့် တာ၀န်များအကြောင်း အကျယ်တဝင့်ဟောပြောဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှလည်း ယခုအခါတွင် ဝမ်းရောဂါဖြစ်ပွားနေသဖြင့် ဝမ်းပျက်ဝမ်းရောဂါ အကြောင်းအကျယ်တဝင့်ဆွေးနွေးခဲ့ပါသည်။ ကျောင်းအုပ်ကြီးမှ ယခုလိုလာရောက်ဟောပြော ဆွေးနွေးပေးသောကြောင့် စားသုံးရန်မသင့်အစားအစာများနှင့် အစားအစာများကို မည်သို့ရွေးချယ် ဝယ်ယူစားသုံးရမည်ကိုသိရှိရသည့်အတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါ ဟောပြောဆွေးနွေးပွဲတွင် ကျောင်းသား/ ကျောင်းသူ စုစုပေါင်း(၁၆၀)ဦး တက်ရောက်ခဲ့ပါသည်။

DOCA(မန္တလေး)