![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/၆၉_0.png?itok=Na-CIyP0)
မန္တလေးမြို့၊ သီရိမာလာစျေး(ပိုက်ကျုံးစျေး)ရှိ ငါး၊ ပုဇွန်နှင့်ရေထွက်ပစ္စည်းစျေးကွက်အတွင်းသို့ နေ့စဉ်ဝင်ရောက်လျက်ရှိသော ရေထွက်ပစ္စည်းများမှာ ဒေသတွင်း အမရပူရမြို့နယ်၊ ပုသိမ်ကြီး မြို့နယ်နှင့် မတ္တရာမြို့နယ်များရှိ မွေးမြူရေးကန်များမှ တီလားဗီးယားငါး(ဂျပန်ငါး)များနှင့် မွေးမြူရေးငါးကြင်းများ၊ ဒေသတွင်းမှရရှိသော ရေချိုငါးမျိုးစုံနှင့် ပုဇွန်များရောင်းချလျက်ရှိကြောင်း သိရှိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီးနှင့် မြန်မာပြည်အောက်ပိုင်းမှထွက်ရှိသော ငါး၊ ပုဇွန်၊ ဂဏန်းများနှင့် ရေထွက်ပစ္စည်းများလည်းဝင်ရောက်မှုရှိကြောင်း သိရှိရပါတယ်။ ဝင်ရောက်မှုအနေဖြင့် တစ်ရက် ခြားလျှင် ကား(၁၀ ဘီး) ၃စီး နှင့် ၄စီး အကြားဝင်ရောက်မှု နှင့် ခေါက်တိုကန်တာကား အနေဖြင့် တစ်ရက်လျှင် ၅ စီးနှင့် ၆ စီးအကြားဝင်ရောက်မှုရှိကြောင်း သိရှိရပါတယ်။ သီရိမာလာစျေးရှိ ငါး၊ ပုဇွန်နှင့် ရေထွက်ပစ္စည်းများအား လက်လီ/ လက္ကားရောင်းချခြင်းဖြစ်ပြီး၊ လက်လီရောင်းချသူများမှ ဝယ်ယူ၍ မန္တလေးမြို့ပေါ်ရှိ စျေးများသို့ ပြန်လည်ရောင်းချကြောင်း သိရှိရပါတယ်။ သီရိမာလာစျေး အတွင်း ရောင်းချသည့်တစ်ပိဿာစျေးနှုန်းများအနေဖြင့် ငါးကြင်းဖြူစျေး ၁၅၀၀ဝိ/- နှင့် ၁၆၀၀ဝိ/-ငါးကြင်း နီစျေး ၁၄၀၀ဝိ/- နှင့် ၁၆၀၀ဝိ/- ၊ငါးအုံတုံစျေး ၁၄၀၀ဝိ/-နှင့် ၁၆၀၀ဝိ/-၊ငါးမြင်း၊ငါးပတ်နှင့် ငါးရံ့စျေးများမှာ ၁၅၀၀ဝိ/- နှင့် ၁၆၀၀ဝိ/- စျေး၊ တီလားဗီးယား(ဂျပန်ငါး)စျေး မှာ ၈၀၀ဝိ/- နှင့် ၁၀၀၀ဝိ/- ၊ ကတ်ကတစ်ငါး ၂၈၀၀ဝိ/-နှင့် ၃၀၀၀ဝိ/- တို့ဖြင့် အသီးသီးရောင်းချလျက်ရှိပြီး၊ အရွယ်အစားအကြီးအသေးအလိုက် အနည်းငယ်စျေးနှုန်းကွာခြားမှုရှိကြောင်းသိရသည်။ မွေးမြူရေးပုဇွန်စျေးအနေဖြင့် အမျိုးအစားပေါ်မူတည်၍ ၁၀၀၀ဝိ/-နှင့် ၁၃၀၀ဝိ/-စျေး၊ ပုဇွန်ကြားနှင့်ရေချိုပုဇွန်တုတ်စျေး အနေဖြင့် ၃၅၀၀ဝိ/- နှင့် ၅၀၀၀ဝိ/-စျေး ၊ ပြည်ကြီးငါး ၃၀၀၀ဝိ/- နှင့် ၅၀၀၀ဝိ/- စျေး၊ ဂဏန်းစျေး ၁၀၀၀ဝိ/- နှင့် ၁၂၀၀ဝိ/-၊ကင်းမွန်စျေး ၂၀၀၀ဝိ/-နှင့်၂၅၀၀ဝိ/- ၊ရေဘဝဲစျေး ၂၀၀၀ဝိ/- နှင့်၄၅၀၀ဝိ/- စျေးတို့ဖြင့် အသီးသီး ရောင်းချလျက်ရှိကြောင်း သိရှိရပါတယ်။ ရောင်းစျေးနှုန်းများမှာ စျေးငြိမ်လျက်ရှိပြီး၊ နိုဝင်ဘာလအတွင်း အရောင်းအနည်းငယ်အေးခဲ့သော်လည်း ဒီဇင်ဘာလဆန်းမှစ၍ အရောင်းသွက်လာပါကြောင်း ငါး၊ ပုဇွန်ရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။
DOCA(မန္တလေး)