ဈေးကောင်းရသောပန်းဈေးကွက်

Powered by Drupal

            မန္တလေးပန်းဈေးကွက်အတွင်းသို့ အများအားဖြင့် အမရပူရ၊ ပုသိမ်ကြီး(လက်ကောင်း၊ ကျောက်မီး၊ သုံးအိမ်၊ ထုံးဘို၊ တံတိုင်းရှည်)၊ ပြင်ဦးလွင်၊ မတ္တရာ၊ တံတားဦးဒေသတို့အပြင် ရှမ်းပြည်နယ် တောင်ကြီးဒေသမှထွက်ရှိသော ပန်းများဝင်ရောက်လျက်ရှိပြီး ဈေးကွက်အတွင်း  တွင်တွင်ကျယ်ကျယ်  ရောင်းချလျက်ရှိကြောင်း သိရှိရပါတယ်။ မန္တလေး-ပြင်ဦးလွင်လမ်းအနောက်ဘက် လက်ကောင်းကျေးရွာ မင်းကြီးရန်နောင်လမ်းပေါ်ရှိ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့တော်ပန်းဈေးနှင့် ၂၆လမ်းx ၂၅လမ်းကြား၊ ကမ်းနားလမ်းရှိ သီရိမာလာဈေး (ပိုက်ကျုံးဈေး)တို့တွင် ပန်းများကို လက်ကားဖြန့်ဖြူးရောင်းချ လျက်ရှိပြီး လက်လီအနည်းငယ်သာရောင်းချလျက်ရှိပါတယ်။  တဆင့်ပြန်လည်ရောင်းချသူများ အနေဖြင့် ထိုဈေး တို့မှ ဝယ်ယူပြီး မန္တလေးမြို့ရှိ ဈေးများသို့ ပြန်လည်ရောင်းချလျက်ရှိပါတယ်။  ဆောင်းရာသီတွင် မန္တလေးမြို့အနီးတဝိုက်မှ ထွက်ရှိသော ဒေသပန်းများကို အများဆုံး ရောင်းချပြီး နွေရာသီနှင့် မိုးရာသီတို့တွင် ဒေသပန်းအထွက်နည်း၍ ပြင်ဦးလွင်နှင့်တောင်ကြီး ဒေသတို့မှထွက်ရှိသောပန်းများကို အများဆုံးရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ဈေးကွက်အတွင်း အများဆုံးရောင်းရသော ပန်းများအနက် ဂန္ဓမာပန်းမှာ အရောင်းသွက်ပြီး ပန်းအမျိုးအမည်စုံလင်စွာ ခေါ်ဝေါ်ကြကြောင်းသိရပါတယ်။ ဈေးကွက်အတွင်း တွေ့ရသည့် ဂန္ဓမာပန်းအမည်များအနက် ရွှေဝါဝင်း၊ ဒင်္ဂါး၊ ကြွေဖြူ၊ ကြွေဝါ၊ လပ်ကီး(ဖြူ၊ နီ၊ ဝါ၊ ခရမ်း၊ ကျောက်စိမ်း)၊ ငုရွှေဝါ၊ ခိုင်ရွှေဝါ၊ စံပယ်ဝါ၊ ရွှေစံပယ်၊ ငွေစံပယ်၊ ဒိုင်းမွန်း၊ ဒိုင်းမွန်းစတား၊ မော်ဒယ်၊ ဟင်္သာမျက်လုံး၊ လူးဗစ်၊ ပိတောက်နီ၊ သဲနီတို့အသီးသီး ခေါ်ဝေါ်ကြပြီး လက်ဆုပ်စည်း (၁)စီးလျင် (၁၁၀၀ဝိ/-)မှ (၁၅၀၀ဝိ/-)အထိ ဈေးနှုန်းအသီးသီးရောင်းချလျက်ရှိသည်။ ကာလာစို အရိုးအရွက်လုံလတ်ဆတ်မှု ပန်းအလှပေါ်မူတည်ပြီး  ဈေးကွာခြားမှုရှိကြောင်း သိရပါတယ်။ တောင်ကြီး ဒေသမှထွက်ရှိသော ဂန္ဓမာတစ်ရိုးတစ်ပွင့်ပန်းသည် ဈေးမြင့်ပြီး (၁၀)ပွင့် တစ်စည်းလျင် (၇၀၀ဝိ/-)၊ နှင်းဆီပန်း (၁၀)ပွင့် (၁)စီးလျင် (၂၀၀ဝိ/-)မှ (၄၀၀ဝိ/-)အထိ    လီလီပန်း (၁၀)ခက် (၁)စီးလျင် (၈၀၀ဝိ/-)မှ (၁၀၀၀ဝိ/-)အထိရှိပြီး၊ ဒေစီပန်း (၁၀)ပွင့် (၁)စီးလျင် (၇၀၀ဝိ/-)မှ (၈၀၀ဝိ/-)အထိရှိပြီး၊ သစ်ခွပန်း (၁)စီးလျင်  (၈၀၀ဝိ/-)မှ (၁၅၀၀ဝိ/-)အထိ ဈေးနှုန်း အသီးသီးတို့ဖြင့် ရောင်းချလျက်ရှိပြီး၊ မေမြို့ပန်းအရောင်စုံ လက်ဆုပ်စီး (၁)စည်းလျှင် (၂၀၀ဝိ/-)မှ(၂၅၀ဝိ/-)ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိပါတယ်။ အရွက်ပန်းများဖြစ်သော သပြေပန်း၊ ဂန့်ဂေါ်ပန်း၊ ရွက်လှပန်း၊ ကျောက်စိမ်းပန်းတို့မှာ ပန်းစည်း အရွယ်အစားပေါ် မူတည်ပြီး  အရောင်းအဝယ်ဖြစ်ပြီး အာဆီယံသပြေပန်း (၁၀)စီးပါ (၁)စီးလျင် (၁၅၀၀ဝိ/-) ဈေးနှုန်းဖြင့် လက်ကားရောင်းချကြောင်း သိရှိရပါတယ်။ ယခုရက်ပိုင်းတွင် ရာသီဥတု အေးမြ၍ ပန်းများအရောင်စိုလှပမှု လတ်ဆပ်မှုများကြောင့် ယခင်လထက်ပိုမိုအရောင်းသွတက်ပြီး ဈေးကောင်းရရှိကြောင်း ပန်းရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(မန္တလေး)