ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများက သီးနှံဝင်ငွေတိုးပွားစေရန်နှင့် ဒေသအတွင်း စားနပ်ရိက္ခာဖူလုံစေရန်အတွက် ပြည်ပသို့တင်ပို့နိုင်ရန် အားထားစိုက်ပျိုးသည့် ဆောင်းသီးနှံနေကြာစိုက်ပျိုးရေးကို တစ်မြို့နယ်လုံးအတိုင်းအတာအနေဖြင့် ၂၀၂၄-၂၀၂၅ခုနှစ် သီးထပ်ဆီထွက်သီးနှံ (နေကြာ၊ နှမ်း) စိုက်ဧက (၅၁၂)ဧက စိုက်ပျိုးရန်လျာထားခဲ့ကြောင်း သိရသည်။ ထိုသို့လျာထားချက်ပြည့်မှီနိုင်ရေးအတွက် ဒီဇင်ဘာဘ(၁၀)ရက်နေ့၊ နံနက်(၀၉း၀၀)အချိန်တွင် မကျီးတန်းရပ်ကွက်ပိုင် ကွင်းအမှတ်(၂၉၃)၊ လာပလိန်းကွင်း ဦးပိုင်အမှတ်(၁/၆/၃) တောင်သူဦးမြစံ၏လယ်ယာမြေတွင် စတင်စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
ဆီထွက်သီးနှံနေကြာစတင်စိုက်ပျိုးခြင်း အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသက်နိုင်မှ နေကြာသီးနှံအထွက်တိုးရန်အတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများအကြောင်း၊ ဓာတ်မြေဩဇာကျွေးရမည့်အခြေအနေ၊ ပန်းပွင့်ချိန်တွင် ပိုးသတ်ဆေးပတ်ဖြန်းပါက ဝတ်မှုံကူးမှုအား ထိခိုက်နိုင်သည့်အကြောင်းအရာများအား အကျယ်တဝင့်ရှင်းလင်း အသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီး အခမ်းအနားသို့တက်ရောက်လာကြသော ဌာနဆိုင်ရာတာဝန်ရှိသူများက နေကြာသီးနှံအစေ့ချစိုက်ပျိုးမှုအခြေအနေအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)