၁၁.၁၂.၂၀၂၄ ရက်နေ့ ညနေ(၁၆:၀၀)အချိန်တွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ကြက်ဥအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကွင်းဆင်းဆောင်ရွက်ခဲ့ရာတွင် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးနိုင်ပါ (၂)ဦး၊ မြို့နယ်စည်ပင်သာယာရေးမှ ဦးကိုကိုအောင် ဒုဦးစီးမှူးပါ (၂)ဦး၊ မြို့မရဲစခန်းမှ တပ်ကြပ်ကြီးစိုးသန်းပါ(၂)ဦး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်နီလာဦး ဒုဦးစီးမှူးတို့ပူးပေါင်းလျက် ကြက်ဥအရောင်းဆိုင်များသည် ကြက်ဥတစ်လုံးလျှင် (၃၇၀)ကျပ် ရောင်းချပေးနေပြီး ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး၊ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းမရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)